ဇူလိုင်လ ၇ရက်နေ့ ည ၇နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲလုပ်ရန် ရောက်ရှိနေသော တရုတ်မင်းသားကို လူမင်း၊ ရဲတိုက်၊ ဝိုင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သူဝေ နှင့် အခြား အနုပညာရှင်များ က သွားရောက်တွေ့ဆုံ ပညာဆည်းပူးကာ သြောဝါဒ ခံယူခဲ့ကြောင်း သိရပါတယ်။ လူမင်း၊
ရဲတိုက်၊ ဝိုင်း၊ ထွန်းအိန္ဒြာဗိုလ် နှင့် ချစ်သူဝေ တို့ကို အနုပညာလောက မှ
သာကူးများဟူ၍ လူထုက ကဲ့ရဲ့ အပြစ်တင်လျှက် ရှိကြပြီး ၎င်း တို့ကိုယ်တိုင်ကလည်း
လူမြင်မကောင်းအောင် အနေအထိုင် မတတ်သူများ ဖြစ်ပါတယ်။ NLD ပါတီဝင် ရဲတိုက်
နှင့် သာကူး အချို့က တရုတ်မင်းသားကို ပြေးတွေ့ခဲ့ကြပေမယ့် NLD ပါတီဝင်
လင်းလင်း ကတော့ တရုတ်ကို မကျေနပ်တဲ့ သီချင်းတစ်ပုဒ်ကို ဒီနှစ်ထဲမှာ
သီဆိုခဲ့ဖူးပါတယ်။
Myanmar Express
0 comments:
Post a Comment