Sunday, July 08, 2012

burma ကိစ္စကြောင့် NLD ကို စိတ်ပျက်သူ များပြားလာ

Posted by drmyochit Sunday, July 08, 2012, under | No comments

NLD ကတော့ လုပ်ချလိုက်ပြန်ပြီ--ဒေါ်စု က မြန်မာနိုင်ငံကို လွတ်လပ်ရေးရပြီးအချိန်ကစပြီး အင်္ဂလိပ်ဘာသာစကား တွင် Burma ဟုသာသုံးစွဲခဲ့ ကြောင်းမြန်မာဟုပြောင်းလဲခဲ့စဉ်ကလည်းပြည် သူလူထု၏ သဘောထားကိုမလေ့ လာဘဲ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း။ အခြားနိုင်ငံများကိုလည်း မိမိတို့ ဘာသာဖြင့်စိတ်ကြိုက်ခေါ် ဝေါ် ကြသော်လည်း ယင်းနိုင်ငံများမှာ သူတို့၏ တရားဝင်နိုင်ငံအ မည်ကိုသာ ခေါ်ဆိုရန်မပြောကြောင်း။ သည့်အတွက်မည့်သူကိုမှထိခိုက်ခြင်းမရှိသည့်အတွက် မိမိ ကြိုက်သ လိုသုံးစွဲခွင့်ရှိကြောင်း ပြောသွားပါတယ်------
-အဲဒီတော့ ကျနော် ကဘော်ချိုင်းဝှမ်းဒေသ က တောလိုက်မု ဆိုးတစ်ယောက်ရဲ့ အမြင်ကတော့ ဗမာ။ ဘားမား(burma)ဟာ ဗမာလူမျိုးတစ်စုကို ဘဲ ကိုယ်စားပြုတယ်လို့ မြင်တယ် မြန်မာမျိုးနွယ် တိုင်းရင်းသားတွေမပါမသက်ဆိုင်သလိုဖြစ်နေတယ်။ မြန်မာဆိုမှ ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်း သားတွေပါမယ်လို့ မြင်တယ် မြန်မာလို့ တွင်တာ ပိုကောင်တယ်လို့ ရိုးရိုးပဲမြင်တယ်။ နောက်တစ်ခုက ယခင်အ စိုးရတွေလုပ်တာ ဆိုးဆိုးကောင်းကောင်း အကုန် တစ်ခုမှ မသုံးဘူး မယူဘူး အဓိပါယ် မရှိဘူး အားလုံး အဆုံးချည်းပဲ ဆိုရင် အရင်အစိုးရလုပ်ခဲ့ တဲ့ လမ်းတံတာတွေဖျက် အသစ်ပြန်ဆောက်ပြန်လုပ်ပြီးမှသုံး ဥမမာတစ်ခုပြောပါတယ်။ နောက်ကုန် ကုန် ပြောရင် ရွေတိဂုံဘုရာ ထီးကိုဖြုတ်ချပြီး အသစ်လုပ် ပြီးမှ ဖူးကြ ။ နောက်တစ်ခု ပြည်သူဆီမှ စစ်တမ်းကောက်ရဦးမယ်ဆိုရင် ဒေါ်စု မိန်ခွန်း ပြောနေတုန်း Burma ဆိုတဲ့ စကားမသုံးသေးပဲနှင့် အရင် ပြည်သူ့စစ်တမ်းကောက်ပြီးမှ သုံးပါ့လားလို့ ။ နောက် တစ်ခု ဘယ်မှာလဲ မိမိရဲ့ စံသတ်မှတ်ချက်၊ ကိုယ်ပိုင်အယူအဆယဉ်ကျေးမှု ကိုယ်ပိုင်ဟန် သူများနိုင်ငံက လက်ခံတိုင်း ကိုယ် ကလက်ခံရမယ်တဲ့လား။ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆမရှိတော့ဘူးလား ကိုယ့်ရဲ့ ခံယူချက်မရှိတော့ဘူးလား သူတို့ နိုင် ငံကိုဘယ်လိုခေါ်ခေါ် သူတို့ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ကိုယ်နှင့်ဘာဆိုင်လဲ။ ဖွဲ့ စည်ပုံအခြေခံ ဥပဒေမှာ မှာ မပါဘူးဆိုပြီးတစ်ယောက်က လုပ်လိုက်သေးတယ် မောင်ညဏ် - ပြည်ထောင်စုသမတ မြန်မာနိုင်ငံလို့ ခေါ်တွင်စေ ဆိုတာ မျိုး စကားလုံးတစ်လုံးချင်စီလိုက်ပြီး ချပြမယ်သဘောရှိတယ်။ -------ခင်ဗျားတို့ ဟာ ပြည်သူက လွတ်လိုက်တဲ့ ကိုယ်စားလှယ် တော်ကြီးတွေဖြစ်သွားပြီနော် အဲဒါလဲသတိထားကြဦး။ ခင်ဗျာတို့  ဘာမားလို့ သုံးနေတဲ့ အချိန်မှာ မြန်မာဘောလုံးပရိတ်သတ် က တော့ မြန်မာကွ လို့ ထအော်နေတဲ့ အချိန်ပဲ။ အပေါ်မှာတော့ ပြည်သူ့ စစ်တမ်း ကောက်မထားလို့ လေး ဘာလေးပြောပြီး အောက်မှာတော့ ကိုယ်ကြိုက်သလို့ သုံး ခွင့်ရှိပါတယ် သုံးနိုင်ပါတယ်တဲ့ ။ ဒါမြန်မာပြည်ကွ ရှင်းလား လို့ပဲပြောလိုက်ချင်ပါတော့တယ်ကိုယ်စလှယ်တော်ကြီးတို့ရယ်

Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်