Saturday, December 29, 2012

"လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ အာမခံလျော်ကြေးများ အမြန်ဆုံးရရှိစေရန် အချိန်နှင့်တပြေးညီဆောင်ရွက်နေ"

Posted by drmyochit Saturday, December 29, 2012, under | No comments

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာ(၂၅)ရက်နေ့ နံနက်ပိုင်းကမတော်တဆမှုဖြစ်ပွားခဲ့သော Air Bagan လေကြောင်းမှ လေယာဉ်ကို မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် အာမခံထားရှိခဲ့ရာ လေယာဉ်ကိုယ်ထည်အား အာမခံတန်ဖိုး ကန်ဒေါ်လာ ၄ သန်း နှင့် "ပေးလျော်ရန် တာဝန်ရှိမှုအာမခံအကာအကွယ်" ကန်ဒေါ်လာ သန်း ၁၅၀ ကို စင်ကာပူ အခြေ စိုက် PANA HARRISON Pte., Ltd. မှတဆင့် နိုင်ငံတကာ လေကြောင်းအာမခံဈေးကွက်တွင် အာမခံ ထားရှိ ခဲ့ကြောင်းမြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။ 

အဆိုပါလေကြောင်းလိုင်းမတော်တဆထိခိုက်မှုဖြစ်ပွားခြင်းဆိုင်ရာ နစ်နာဆုံးရှုံးမှုအတွက် အာမခံ လျော်ကြေးများ အမြန်ဆုံးရရှိစေရန် မြန်မာ့အာမခံလုပ်ငန်း၊ သက်ဆိုင်ရာလေကြောင်းလိုင်းနှင့်တကွ နိုင်ငံခြား တဆင့် အာမခံ ကုမ္ပဏီများတို့မှ အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အဆိုပါခရီးစဉ်တွင် လိုက်ပါသော ခရီးသည်များသည် မြန်မာ့အာခံလုပ်ငန်းတွင် "ခရီးသွား အာမခံ အကာ အကွယ်"ကို သီးခြားဝယ်ယူထားခြင်းမရှိပါကြောင်းနှင့် အကယ်၍ ခရီးသွားအာမခံ ၀ယ်ယူ ထားရှိမည် ဆိုပါက ပရီမီယံကြေး ၅၀၀ ကျပ်ပေးသွင်းထားပါလျှင် လျော်ကြေးငွေ ကျပ် သိန်း ၅၀ ရရှိမည်ဖြစ် ကြောင်း သိ ရသည်။

မိုးငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်