Monday, December 31, 2012

အယ်လဂျာဇီးယား ရုပ်သံလွှင့်မှ လိမ်ညာပြီး သတင်းထုတ်လွှင့်မှူကို ဖေါ်ထုတ်လိုက်ခြင်း

Posted by drmyochit Monday, December 31, 2012, under | No comments


အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု(Hidden Genocide)’ သတင်းမှတ်တမ်းဗီဒီယို

ရှင်းလင်းချက်

အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းဌာနမှ ‘ဖုံးကွယ်ထားသောလူမျိုးတုံးသတ်ဖြတ်မှု (Hidden Genocide)’ သတင်း မှတ်တမ်း ဗီဒီယိုတွင် ပါဝင်သည့် လိမ်ညာမှု များနှင့်ကြိုး ကိုင် လှုပ်ရှား မှုများကို ဖော်ထုတ် ဖွင့်ချခြင်း အံ့ဩ ဖွယ်ရာ လိမ်လည်မှု၊ အဖြစ်မှန်ကို ပုံသဏ္ဌာန်ပျက်ယွင်းအောင်လုပ်ဆောင်မှု၊ မရိုး ဖြောင့်မှု တို့ကြောင့် (ဤ မှတ်တမ်း ဗီဒီယိုကို)‘ လူမျိုးတုံး သတ်ဖြတ်မှုဟု လွဲမှားစွာ စွပ်စွဲနိုင်စေ ရန်ခိုးကြောင် ခိုးဝှက် ကြို တင်ကြံ စည်မှုအစီအစဉ် (The Hidden Agenda to falsely charge Genocide)’ ဟု ခေါ်ဆိုသင့်သည်။

တကယ့်ပြဿနာကို မသိသူများက ဤသို့သော မှတ်တမ်းဗီဒီယိုကို အမှန်ဟု ထင်ကောင်း ထင်ကြပေ လိမ့်မည်။ သို့သော် သမိုင်းကြောင်းကို ဂဃနဏသိရှိထားသူများက ဤမှတ်တမ်းဗီဒီယို၏ အစိတ် အပိုင်း တိုင်းသည် ရခိုင် ဗုဒွဘာသာဝင်များ၊ (ဒေါ်)အောင်ဆန်းစုကြည်နှင့် ဗုဒ္ဒဘာသာ၊ဗုဒ္ဒဘာသာ ဘုန်းတော် ကြီးများနှင့် ဗုဒ္ဒအတွေးအခေါ်အယူအဆကိုပါ ရှုံ့ချပြီး၊အပုပ်ချဖို့ ကြိုးစားထားသည့် အကွက် ကျကျကြို တင်ကြံစည် လုပ်ဆောင်မှုကြီးကိုယုံကြည်လာအောင် လူအများကို လှည့်စားအယုံသွင်းရန် ရည်ရွယ် ထားကြောင်း အလွယ်တကူ သိမြင်နားလည်နိုင်ပေသည်။

(‘ရခိုင်’ နှင့် ‘ဗုဒ္ဒဘာသာဝင်’ ဟူသော ဝေါဟာ ရများသည် လက်ခုပ်နှင့် လက်ဝါးလို တသား တည်းဖြစ် ပါသည်။

‘ရိုဟင်ဂျာ’၊ ‘မူဆလင်’၊ ‘ဘင်္ဂါလီ’၊ ‘ဘင်္ဂါလီမူဆလင်’ ဟူသော စကားလုံး များသည် ထည်လဲ သုံးစွဲနိုင်သော ဝေါဟာ ရများဖြစ်သည်။

လက်ရှိပြည်နယ်ကို ရခိုင်ပြည်နယ် (သို့) အာရကန် (Arakan)ဟု ခေါ်ဆိုနိုင်ပါသည်။)

(အချိန်နှင့်တပြေးညီ ဖြစ်စေရန် နောက်ခံစကားပြောမှုကို (း၂၈) စက္ကန့်တွင် စတင်ပါသည်။)


(း၄၅) ဗီဒီယိုဖိုင်အရ ‘နောက်ဆက်ဖြစ်သော အရာများမှာ ဖုံးကွယ်ထားခဲ့သောအရာများဖြစ်သည်။’ ဟုဆို သည်။ နောက်ဆက်ဖြစ်သော အရာများမှာဖုံးကွယ်ထားခဲ့သော အရာများ (လုံးဝ) မဟုတ်ပါ။ 

ဆူပူမှု များနှင့် ဆိုးဝါးပြီး၊ ဖြတ်တောက် ထားသည့် ဆက်သွယ်ရေး စနစ်များကြောင့် ရခိုင် အကြောင်းသော် လည်းကောင်း၊ ရိုဟင်ဂျာ အကြောင်းသော် လည်းကောင်း သတင်း အချက် အလက်များ ရရှိနိုင် ရန်မှာ ခက်ခဲ လှပါ သည်။ သို့သော် အမှန်တကယ် ဖုံးကွယ်ထားသည်မှာရိုဟင်ဂျာများက သူတို့ကို ဒုက္ခ သည်များ အဖြစ်မြင် သွားစေရန်ကြံစည် စီမံထားမှုပင် ဖြစ်ပေသည်။ 

လက်တွေ့တွင် မူဆလင်များ ကသူတို့ ဘာသာဝင် သက်သက် အတွက် လိုချင်ခဲ့သော နိုင်ငံထဲမှ ဗုဒ္ဒ ဘာသာဝင် ရခိုင်လူမျိုးများကို နှင်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်း များကိုပြုလုပ်နေကြခြင်းသာ ဖြစ်သည်။



(၁း၀၅) ဗီဒီယိုဖိုင်တွင် လမ်းပေါ်မှ လူအုပ်စုတစ်စုကအိမ်ပြတင်းပေါက်များကို ခဲနှင့် ပေါက်နေကြပုံကို ပြထား သည်။(ဗွီဒီယိုဖိုင်ကို ထည့်သွင်းထားပုံအရ ဗုဒ္ဒဘာသာဝင်များက မူဆလင်များ ကိုတိုက်ခိုက်နေ သယောင် လူအများကို ထင်မြင်သွားစေရန် ဖန်တီးထားသည်။) 

သို့သော်အမှန်မှာ ထိုဗွီဒီယိုဖိုင်သည် ၂၀၁၂ - ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ကမောင်တောမြို့တွင် ဗုဒ္ဒဘာ သာဝင်များ ကို မူဆလင်များကတိုက်ခိုက်နေခြင်းသာဖြစ်သည်။



(၁း၃၅) ဗီဒီယိုဖိုင်အရ ‘ရိုဟင်ဂျာမူဆလင်များကို သူတို့၏ဇာတိချက်မြှုပ်နိုင်ငံမှမောင်းထုတ်ခံနေရသည်။’ ဟု ပြောထားသည်။ သို့သော်အမှန်က ရိုဟင်ဂျာအများအပြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွား ခဲ့ကြ သည်။ သို့တည်းမဟုတ် သူတို့၏မိဘများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမွေးဖွားခဲ့ကြသည်။

မောင်တော၊ ဘူးသီးတောင် နှင့် ရသေ့တောင်တို့မှလူဦးရေသည် နှစ်ခြောက်ဆယ် အတွင်းတွင် ဗုဒ္ဒ ဘာသာဝင် အများစု အခြေအနေမှမူဆလင်အားလုံးနီးပါးအခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။

၎င်းမူဆလင်များသည်ရခိုင်ပြည်နယ်အတွင်းသို့ အလုံးအရင်းနှင့် ၀င်လာမစဲတသဲသဲ ဖြစ်နေသော မူဆလင် များ၏ တစ်စိတ် တစ်ပိုင်းပင် ဖြစ်သည်။



(၂း၀၀) ဗီဒီယိုဖိုင်အရ ‘ဒီဖြစ်ရပ်ဟာ ရိုဟင်ဂျာတွေကိုလူမျိုးတစ်မျိုးအဖြစ်မှ ကွယ်ပျောက် သွားအောင် လုပ်ဖို့ကြိုးစားမှု တစ်ခုဖြစ်တယ်လို့ တစ်ချို့တွေက ယုံကြည်ကြပါတယ်။’ဟူ၍ ပြောသည်။(၎င်းမှာ) မဖွယ်မရာလှုံ့ဆော်သော မဟုတ်တမ်းတရားသာ ဖြစ်သည်။

ရိုဟင်ဂျာထက်ဝက်ကျော်သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ဆော်ဒီအာရေဘီးယား၊ ပါကစ္စတန်နှင့် အခြားနိုင်ငံများ စသည့်ဖြင့်မြန်မာနိုင်ငံ၏ပြင်ပတွင်နေထိုင်ကြသည်။ 


ထိုကဲ့သို့သော ထုတ်ပြန်ချက်သည်ဗုဒ္ဒဘာသာဝင်များ၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းမှ ရိုဟင်ဂျာများ ကိုသုတ် သင်ရှင်းလင်းရန်ဖြစ်သည်ဟူ၍ ညွှန်းဆိုနေသလို ဖြစ်နေသည်။


(၂း၁၀) ဗီဒီယိုဖိုင်တွင် (သူတို့ပြောလိုသော) အယူအဆကို မီးလောင်ရာလေပင့်ပေးနိုင်ရန် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဟူသော စကားလုံးကိုသုံးစွဲလိုက်ပြန်ပါသည်။ ကောင်းပြီ။ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) အကြောင်းကို ပြောကြပါစို့ရဲ့။ 

ဗီဒီယိုတွင် သမိုင်းတွင်တင်ကျန်ပြီး၊မှတ်တမ်းမှတ်ရာအပြည့်အစုံနှင့် စာတင်ပြီးဖြစ်သည့် လူမျိုးတုံး သတ်ဖြတ်မှု အစစ် အမှန်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြမထားပေ။

၁၉၄၂ - ခုနှစ်ကဒုတိယကမ္ဘာစစ်အတွင်း (မြန်မာနိုင်ငံအတွင်းသို့) ထိုးဖောက် ၀င်ရောက်လာသော ဂျပန် များကို တိုက်ခိုက်ရန် အင်္ဂလိပ်များက ဘင်္ဂါလီမူဆလင်လူနည်းစု(ရိုဟင်ဂျာဟူသော ဝေါဟာရကို ထိုအချိန် က အသုံးမပြုခဲ့သေးပါ။) ကိုလက်နက်များကိုင်ဆောင်စေခဲ့သည်။ 

သို့သော် အင်္ဂလိပ်များ ဆုတ်ခွာသွားကြသောအခါဘင်္ဂါလီများက ထိုလက်နက်များကို အသုံးပြု၍ ဂျပန်များ ကို မတိုက်ခိုက်ခဲ့။

ဗုဒ္ဒဘာသာဝင်ရွာပေါင်း (၄၀၀) ကျော်ကို မီးရှို့ခြင်း၊ ရခိုင် (၃၀၀၀၀) ကိုသတ်ဖြတ်ခြင်းတို့ဖြင့် ဗုဒ္ဒဘာ သာဝင် များ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု(Genocide) ကို စတင်ဖို့အတွက်သာ ထိုလက်နက်များကို အသုံးပြု ခဲ့ကြသည်။

ထိုအချိန်ကတည်းက ရိုဟင်ဂျာများကဂျီဟတ်(မြင့်မြတ်သောအစ္စလာမ်ဘာသာရေးစစ်ပွဲ) ဆင်နွှဲရန် မူဂျာဟစ် (အစ္စလာမ်ဘာသာအတွက် တိုက်ခိုက်သော မြင့်မြတ်သည့်စစ်သည်တော်)အဖွဲ့အစည်းများကို ဖွဲ့စည်း လျှက် မူဆလင်ဘာသာဝင်များချည်းရှိမည့်သီးခြားနိုင်ငံ၏ ပန်းတိုင်များကို ကြိမ်ဖန်များစွာ ကြေညာ ခဲ့ကြသည်။

ရိုဟင်ဂျာခေါင်းဆောင်များနှင့် ဗလီဆရာများ၏ ပြောဆိုမှုများမှာလည်းဗုဒ္ဒဘာသာဝင်များကို သုတ်သင် ရှင်းလင်း ပစ် ဖို့သာ ဖြစ်သည်။

ထိုသို့ပြောဆိုမှုသည် လူမျိုးတုံးသတ်ဖြတ်မှု(Genocide)ပြုလုပ်ရန်ရိုဟင်ဂျာများအား အားပေး အားမြှောက်ပြု ရာ ရောက်သွားပေသည်။ 

သာဓကအနေဖြင့်(၁၉၈၅) ခုနှစ်တွင် ရိုဟင်ဂျာလွတ်မြောက်ရေးအဖွဲ့ (RLO = Rohingya Liberation Organization) ၏ဥက္ကဋ္ဌဖြစ်သူ အာမက်ရှာ (Ahmed Shah) ကမူဆလင်မဟုတ်သူများကို မောင်တော ခရိုင်မှ မောင်းထုတ်ရန်မောင်တောခရိုင်အတွင်းမှ ဘင်္ဂါလီများကို သူ၏ အသံသွင်း ထားသော ကက်ဆက် တိတ်ခွေ များကို လွတ်လွတ်လပ်လပ် ဖြန့်ဝေခဲ့သည်။ 

အခြေခံအားဖြင့်မောင်တောမြို့မှ ရခိုင်ဗုဒ္ဒဘာသာဝင်များနှင့် မူဆလင် မဟုတ်သူ များကို လူမျိုးတုံး သတ်ဖြတ် ခြင်း (Genocide) ပြုလုပ်ရန် ဆော်ဩနေခဲ့ခြင်း ဖြစ်သည်။


(၃း၁၀) ဗီဒီယိုဖိုင်အရ ရခိုင်ပြည်နယ်၏လူဦးရေမှာ ဗုဒ္ဒဘာသာဝင် (၁,၀၀၀,၀၀၀)နှင့် မူဆလင် (၈၀၀,၀၀၀) ခန့် ရှိကြောင်း ပြောသည်။ အမှန်တရားနှင့်အလှမ်းဝေးလွန်းလှပါသည်။ (အမှန်မှာ) ဗုဒ္ဒဘာ သာဝင် သုံးသန်း ခန့် နှင့်မူဆလင် (၈၀၀,၀၀၀)ခန့် ရှိပါသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်၍အလုံးအရင်းဖြင့် ၀င်ရောက်နေထိုင်လာသူများကြောင့် မူဆလင် လူဦးရေသည် အလွန်လျှင်မြန်စွာ ကြီးထွားလာပါသည်။ 

ဗီဒီယိုဖိုင်အရ ရခိုင်ပြည်နယ်တွင်မူဆလင်နှင့်ဗုဒ္ဒဘာသာဝင်တို့မှာ အရေအတွက်အတူတူနီးပါးရှိပြီး၊ရခိုင်ပြည် သည် ရခိုင်ဗုဒ္ဒဘာသာဝင်တို့၏ ဇာတိချက်မြှုပ်ဒေသဖြစ်သကဲ့သို့ရိုဟင်ဂျာများ၏ ဇာတိဒေသ၊အမိမြေဖြစ်ကြောင်း လူအများကို တွေးထင်သွားစေအောင်ကြိုးစားခြင်းပင် ဖြစ်သည်။

ဗီဒီယိုဖိုင်တွင် လူဦးရေအကြောင်းကို ဖော်ပြသည့်အခါတိုင်း သောက်သောက်လဲမှားနေသည်ကို တွေ့ရသည်။ ရခိုင်ပြည်ကို ရိုဟင်ဂျာများ၏ အမိမြေ၊မွေးရာဇာတိနိုင်ငံဟူ၍ အကြိမ်ကြိမ်အဖန်ဖန် ခေါ်ဆိုထားခြင်းမှာလည်းမမှန်ကန်ပါ။ 

ဤအချက်မှာ ကာလကြာမြင့်လာသည်နှင့်အမျှ အမှားကိုအမှန်ထင်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကွက်ကျ ကျလုပ်ဆောင်သွားကြခြင်းသာ ဖြစ်သည်။(ဤကိစ္စနှင့်ပတ်သက်၍)

မေးခွန်းရိုးရိုးလေးတစ်ခုသာမေးပါမည်။ 

‘ရိုဟင်ဂျာများ မည်သည့်ဘာသာစကားကိုပြောဆိုကြသနည်း။ ဘင်္ဂလားဒေ့ရှ်လူမျိုးများ မည်သည့် ဘာသာ စကား ကိုပြောဆိုကြသနည်း။’ ဟူ၍ပင်။ အဖြေမှာ ‘(သူတို့အားလုံးသည်) ဘင်္ဂါလီ စကားကိုပြော ဆိုကြ သည်’ ဟူ၍ ဖြစ်သည်။

‘ဘင်္ဂါလီစကား’ ဟုခေါ်ဆိုရခြင်းမှာ ၎င်းဘာသာစကားသည်အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်ဖက်အပိုင်း နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှလာသောကြောင့် ဖြစ်သည်။ 

အလားတူသူတို့(ရိုဟင်ဂျာများ)သည်လည်းအိန္ဒိယနိုင်ငံ၏ဘင်္ဂလားဒေ့ရှ်ဖက်အပိုင်း နှင့်ဘင်္ဂလားဒေ့ရှ်နိုင် ငံ တို့ မှရောက် လာခြင်းဖြစ်သည်။


(၃း၄၅) ဗီဒိယိုဖိုင်အရ ‘ရခိုင်ဗုဒ္ဒဘာသာဝင်တွေက ရိုဟင်ဂျာတွေကို‘ဘင်္ဂါလီများ (သို့) ဘင်္ဂါလီမူဆလင်များ’ လို့ ခေါ်ဝေါ်သုံးစွဲတာကိုပိုပြီးလိုလားကြပါတယ်။’ ဟူ၍ ပြောထားသည်။

ဆိုလိုချင်သည်မှာ သူတို့ကို‘ဘင်္ဂါလီမူဆလင်များ’ ဟုခေါ်ဆိုခြင်းမှာ မှားယွင်းနေကြောင်း ပြောလို ရင်းဖြစ်သည်။ သို့သော် ဤအချက်မှာ အမှန်ပင်ဖြစ်သည်။

အင်္ဂလိပ်တို့က သူတို့ကိုထိုအမည်ဖြင့်ပင် သိရှိထားခဲ့ကြသည်။ သူတို့ကိုယ်တိုင်ပင် မိမိကိုယ် ကိုထို အမည်နာ မဖြင့်သာ သိရှိထားခဲ့ကြသည်။

(ထိုအချိန်က) သူတို့တွင် ရိုဟင်ဂျာဟူသော ဝေါဟာရ မရှိသေးပေ။ သူတို့၏ဇာစ်မြစ်မှာလည်း ဘင်္ဂ လားဒေ သ ဖြစ်ပါသည်။သူတို့ပြောဆိုသော ဘာသာစကားမှာ ဘင်္ဂါလီစကားဖြစ်ပြီး၊ သူတို့စားသော အစားအစာ မှာလည်း ဘင်္ဂါလီအစားအစာသာ ဖြစ်ပါသည်။ 

ထို့ကြောင့်ဘင်္ဂါလီမူဆလင်များက သူတို့သည် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့် ဘာသာ စကားကိုပြောဆိုကြောင်း၊မည်သည့်ဘာသာတရားကို ယုံကြည် သက်ဝင်ကြောင်း လယ်ပြင်မှာ ဆင်သွား သလို ရှင်းလင်းသိသာနေခဲ့ပါပြီ။ နောက်ပိုင်းတွင်သူတို့ထဲမှ အချို့က ‘ဘင်္ဂါလီမူဆလင်’ ဟူသော ဝေါဟာရ သည် သူတို့၏ဇာစ်မြစ်နေရာဌာနကို ပြညွှန်းနေကြောင်း နားလည်သဘောပေါက်လာကြသဖြင့်‘ရိုဟင်ဂျာ’ ဟူသည့်ဝေါ ဟာရကို ဖန်တီးပြီး၊ လိမ်ညာဖန်တီးထားသောသမိုင်းသစ်တစ်ခုကိုပါ ပေါ်ထွက်လာစေခဲ့ ပါသည်။

(၅း၀၀) ဗီဒီယိုဖိုင်အရ (၎င်းဗီဒီယိုဖိုင်တွင်ပါသော) အမျိုးသမီးကရခိုင်လူမျိုးများဆိုလျှင် ကလေးငယ် များက ပင် မူဆလင်များကို တွေ့တိုင်းခဲနှင့် ပစ်ပေါက်သည်ဟု သွယ်ဝိုက်ပြောဆိုထားသည်။ (၎င်းမှာ) လုံးဝမှား ယွင်းကြောင်းပြော ဆိုလိုပါသည်။ 

ထိုကဲ့သို့သော မှတ်ချက်သည်ရခိုင်ဗုဒ္ဒဘာသာဝင်များကို သူရဲသဘက်အလား ထင်မှတ်မှား သွားလောက် အောင် ရည်ရွယ်ပြောဆိုထားခြင်းသာဖြစ်ပါသည်။

စာရေးသူကိုယ်တိုင်ကျေးလက်ဒေသများတွင် စာတမ်းပြုစုရန် သုတေသနပြုလုပ်ရင်း ရခိုင်ပြည် နယ်နှင့်မြန် မာနိုင်ငံ၏ အခြားသောဒေသများတွင် (၂)နှစ် ခန့်ကြာကြာဥဒဟိုသွားလာနေထိုင်ခဲ့သော ကာလ တလျှောက် ထိုကဲ့ သို့ အဖြစ်အပျက်မျိုး ကိုမတွေ့ခဲ့ရပါ။ 

ထိုသို့ဖြစ်ခဲ့သည်ဟုလည်း ဘယ်သောအခါမှ မကြားဖူးခဲ့ပါ။(ထို့ကြောင့်) သူမပြောသောစကားကို သက်သေ အထောက် အထားတစ်စုံတစ်ရာ မပြဘဲမယုံကြည်နိုင်ပါ။

(၅း၄၅) ဗီဒီယိုဖိုင်တွင် ‘ရခိုင်အမျိုးသားပါတီတစ်ခု’ ကိုအကြိမ်ပေါင်းများစွာပြောပြသည်။


ထို့ပြင် ရခိုင်လူမျိုးများက မိမိတို့၏ကိုယ်ပိုင်လက္ခဏာ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ကို အသိ အမှတ်ပြု ရဲ၊ ဂုဏ်ယူရဲလောက်အောင်အထိ ရဲတင်းမှုအတွက် ရခိုင်လူမျိုးများကို သူရဲ သဘက် အလား အထင်မှား သွားစေ ရန် ‘အမျိုးသားရေး(Nationalist) ’ဟူသောစကား လုံးကိုနောက် ခံစကားပြော သူက အရုပ်ဆိုး အကျည်း တန် အမြင်ကတ်သည့် လေသံဖြင့်ပြောသွားသည်။ 

ဗီဒီယိုဖိုင်တွင် ရိုဟင်ဂျာစည်းရုံးညီညွတ်ရေးအဖွဲ့(RSO)နှင့် အာရကန်ရိုဟင်ဂျာမူဆလင်တပ်ဦး (ARIF) ကဲ့သို့သော ရိုဟင်ဂျာမဟာ့မဟာအမျိုးသားပါတီများ (the Rohingya Super NationalistParties) ကို ဖော်ပြသင့်သည်။ 

ဤအဖွဲ့များသည် ၎င်းတို့၏အဖွဲ့ဝင်များကိုပါကစ္စတန်နှင့်အာဖကန်နစ္စတန်နိုင်ငံများသို့ ပို့လွှတ်ပြီး အယ်လ်ကိုင်ဒါ ဟစ်ဇ်အီးအစ်စလာမီမူဂျာဟစ်ဒီးအကြမ်းဖက်အဖွဲ့(Al-QeadaHizb-e-Islami Mujahideen)နှင့် တာလီဘန်အကြမ်းဖက်အဖွဲ့(theTaliban)တို့နှင့်တွဲ၍ လက်နက်ကြီးများနှင့် ဖောက်ခွဲ ပစ္စည်းများ သင်တန်းကို တက်ရောက်စေသည်။

(၂၀၁၁) ခုနှစ်၊ မတ်လက မောင်တောမြို့နယ်မြောက်ပိုင်းရှိတောနက်အတွင်းတွင် တိုက်ခိုက်မှုနှင့် ဗုံးလုပ်နည်း သင်တန်းအပြီး အရေအတွက်(၈၀) နှင့် (၁၀၀) အကြားရှိသော ရိုဟင်ဂျာများကို ဖမ်းမိခဲ့သည်။



(၁၁း၂၅) ဗီဒီယိုဖိုင်တွင် မူဆလင်လူအုပ်စုကြီးတစ်စုကမောင်တောမြို့လယ်၏လမ်းများ ပေါ်သို့ ဒလဟော ထွက်လာကြပြီး ရန်ပြု တိုက်ခိုက်ခြင်း၊ ပြတင်းပေါက်များကို ရိုက်ခွဲခြင်းတို့ကိုပြထားသည်။ 

ရဲတပ်ဖွဲ့ဝင်များ အချက်ပေးသေနတ်ကို မိုးပေါ်ထောင်ပစ်ပြီးမှဤသို့သောမြင်ကွင်းမျိုး ဖြစ်သွားခဲ့ခြင်းလား၊ သို့တည်း မဟုတ် ထိုသို့သေနတ်ကို မိုးပေါ်ထောင်မပစ်ခင်သွားခဲ့ခြင်းလား ဆိုသည်မှာမသေချာကြောင်း နောက်ခံစကားပြောသူကပြောသည်။

အယ်လ်ဂျာဇီးရားသတင်းဌာနအနေဖြင့် ဤအချက်အပေါ်တွင် တမင်တကာဝေ့လည်ကြောင်ပတ် လုပ်သွား ခဲ့သည်။ ထို့ကြောင့် လူအများက ဤဖြစ်ရပ် တစ်ခုလုံးကိုရခိုင်များကသာ စတင်ခဲ့သည်ဟု တွေးထင် သွားပေ လိမ့်မည်။

မူဆလင်များကလမ်းပေါ်မှ ဗုဒ္ဒဘာသာဝင်များကို သတ်ဖြတ်ခြင်း၊အိမ်နှင့်ဆိုင်များကိုမီးရှို့ခြင်း၊ ဆူပူသောင်း ကျန်ခြင်းတို့ စတင်လုပ်ဆောင်ကြပြီးနောက်မှ ရဲများက အချက်ပေးသေနတ်ပစ်ဖောက်ကြခြင်းဖြစ်သည်။ 

ထိုသို့ အချက်ပေးသေနတ် မပစ်ဖောက်မီအချိန်တွင်အမျိုးသားများက သူတို့၏‘မြင့်မြတ်လှပါသည်ဆိုသော’ ဗလီများ အတွင်းမှသစ်သားတုတ်ရှည်ကြီးများကို ကိုင်ဆောင်လျှက် ကန်ပေါင်ကျိုး သွားသောရေ ကန်မှရေ များ ဒလဟော စီးထွက်လာကြသကဲ့သို့ ထွက်လာကြပြီး၊ 

သူတို့၏‘မြင့်မြတ်ပါသည်ဆိုသော’ ဗလီဆရာများက ဗုဒ္ဒဘာသာဝင်များအားလုံးကိုသတ်ဖြတ်ရန် ညွှန်ကြား ချက်ဖြင့် ဗုဒ္ဒဘာသာဝင်များ၏အိမ်များ၊ဈေးဆိုင်များကို မီးရှို့ကြသည်။ အလ္လာဟ်အရှင်မြတ်အတွက် ဤသို့ လုပ်ဆောင်ပြီး၊ သူတို့၏ သန့်စင်သော မူဆလင်နိုင်ငံတစ်ခုကို ဤနေရာတွင်ပိုင်ဆိုင်ရရှိနိုင်စေရန် လုပ်ဆောင် ကြခြင်း ပင် ဖြစ်သည်။


(၁၄း၄၀) ဗီဒီယိုဖိုင်အရ အမျိုးသမီးတစ်ယောက်က သူမကို အမျိုးသားအယောက်(၂၀)က ၀ိုင်း၍ မုဒိန်းကျင့် ခဲ့ကြောင်း ပြောသည်။ သို့သော် သူမနှင့်ပတ်သက်၍အတုအယောင်တစ်ခုခု ရှိနေပုံရပါသည်။ မိမိအနေဖြင့် ဤသို့သောအမျိုးသမီးတစ်ဦးကို သာမန်ဆိုလျှင် ယုံကြည်မိပေမည်။ 

သို့သော်ဤအမျိုးသမီးသည် မိမိအတွက် လုံးဝ မယုံကြည်နိုင်လောက်အောင်ဖြစ်နေပါသည်။

(အကြောင်းမှာ) သူမသည် ကျန်းကျန်းမာမာဖြစ်လွန်းနေပြီး၊ စိတ်လှုပ်ရှားမှုလည်းမရှိသောကြောင့် လူလိမ် လူကောက် ဇာတ်ကား တစ်ကားထဲမှ ဇာတ်ကွက်တစ်ကွက်တွင်ပါဝင်သရုပ်ဆောင်နေသော မင်းသမီး တစ်ယောက်နှင့် သာ တူနေတော့သည်။

ထို့နောက်သူတို့က သူမသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သေဆုံးသွားပြီဖြစ်ကြောင်းပြောသည်။ ထို့ကြောင့် ယခုအချိန်တွင် မည်သူမျှ သူမကိုတွေ့ဆုံမေးမြန်းခြင်းမပြုနိုင်တော့ပေ။


(၂၀း၁၀) ဗီဒီယိုဖိုင်တွင် ‘မောင်လေးတစ်ယောက်က အပြင်ဘက်ကို ထွက်သွားတယ်။ချက်ချင်းဆိုသလို ဘုန်းကြီးကျောင်း တစ်ကျောင်းက ဘုန်းကြီးတစ်ပါးက သူ့ကိုရန်ပြုတိုက်ခိုက်ပြီး အပိုင်းပိုင်းအစစ ခုတ်ထစ် အသတ်ခံ ရပါတယ်။

’ ဟူ၍အမျိုးသမီးတစ်ယောက်က ပြောသည်။ ထိုအချက်မှာ သက်သေ အထောက် အထား တစ်စုံ တစ်ရာ မရှိဘဲ ယုံကြည်ဖို့ အလွန်အမင်း ခက်ခဲလှပါသည်။မြန်မာနိုင်ငံနှင့်ရခိုင်ပြည်နယ်တွင် မိမိကိုယ်တိုင်၏ အတွေ့ အကြုံအရဤအခြေအနေမျိုး ဖြစ်ပျက်တတ်သည် ဆိုသောအချက်ကို ယုံကြည် ကိုးစားနိုင်ဖို့ အထောက် အထား သက်သေတစ်စုံတစ်ရာမှ မတွေ့မြင်ဖူးခဲ့ပါ။

-------------------------------------------------
ရိုဟင်ဂျာများသည် ရခိုင်ဗုဒ္ဒဘာသာဝင်များကို သတ်ဖြတ်သည့်အကြောင်းကိုသာပြောကြသည်။ ပြန်လည်ပေါင်း စည်းရေး၊ ငြိမ်းချမ်းရေးနှင့် လေးစားသမှုဖြင့်သဟဇာတကျကျ အတူတကွ နေထိုင် တတ်အောင် ကား မကြိုးစားကြပေ။

(၁၈း၅၀) ဗီဒီယိုဖိုင်တွင် မိန်းကလေးတစ်ယောက်က ‘သမီးသာဒီထက်အသက်ကြီးခဲ့မယ် ဆိုရင် အဲဒီရခိုင် သားတွေ ကို သတ်ပစ်ခဲ့မှာပဲ။’ ဟူ၍ပြောသည်။

(၂၀း၃၅) ဗီဒီယိုဖိုင်တွင် အမျိုးသားတစ်ဦးက သူနှင့်သူ၏ညီအစ်ကိုများကဗမာလူမျိုး လုံခြုံရေး ၀န်ထမ်း (၄)ယောက်၊ (၅)ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းပြောသည်။

(၂၀း၄၀) ဗီဒီယိုဖိုင်တွင် မိခင်တစ်ဦးက သူမ၏သားငယ်အကြာင်းကိုဂုဏ်ယူဝင့်ကြွားစွာ ပြောသွားသည်။ သူမ၏ သားမှာ (ဇွန်လ (၈)ရက်နေ့ညနေပိုင်းတွင်မောင်တောမြို့၌) ရခိုင်များကို တိုက်ခိုက်ရန် တားမနိုင် ဆီးမရ ထွက်သွားပြီး၊ (ဂုဏ်ယူဝင့်ကြွားသော ဟန်ပန်ဖြင့်) ရခိုင်(၂) ယောက်ကို သတ်ခဲ့ကြောင်း၊ ထို့နောက် ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရကြောင်းပြောသည်။

ဤသို့ပြောဆိုပေးရန် ရခိုင်ဗုဒ္ဒဘာသာဝင်တစ်ယောက်ယောက်ကို သူတို့ရှာဖွေရန်ကြိုးစားခဲ့သော်လည်း ရှာမတွေ့ဖြစ်သွားခဲ့သည်ဟု စာရေးသူထင်ပါသည်။

-----------------------------------------------
စာရေးသူအနေဖြင့် ဆက်လက်ရှင်းပြနိုင်ပါသေးသည်။ ရှင်းစရာလည်းကျန်နေပါသေးသည်။ သို့သော် ဤမှတ်တမ်းဗီဒီယို၏ဘက်လိုက်မှုကို ပြသရန်ဤမျှဖြင့် လုံလောက်ပြီဟု ထင်မြင်ပါသည်။

မူရင်းစာရေးသူ = Rick Heizman
ဘာသာပြန်သူ = ဇွဲသစ် (ရမ္မာမြေ)

၂၄.၁၂.၂၀၁၂ (တနင်္လာနေ့)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်