Monday, December 31, 2012

မုဒိန်းမှု ကျင့်ခံရသူ အိန္ဒိယ မိန်းကလေး ကွယ်လွန်၊ ဆန္ဒပြပွဲများ အတွက် အိန္ဒိယရဲကို တပ်လှန့်

Posted by drmyochit Monday, December 31, 2012, under | No comments

နယူးဒေလီ၊ ဒီဇင်ဘာ ၂၉

ဘက်စ်ကား ပေါ်တွင် အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း ခံရသဖြင့် စင်္ကာပူတွင် သွားရောက် ဆေးကုသမှု ခံယူနေသော အိန္ဒိယသူ သေဆုံး သွားသောကြောင့် ဒေါသ ထွက်နေသော လူအုပ်ကြီး၏ အခြေအနေကို စောင့်ကြည့် ထိန်းချုပ်နိုင်ရန် အတွက် အိန္ဒိယ ရဲတပ်ဖွဲ့ကို တပ်လှန့် ထားကြောင်း BBC သတင်း တစ်ရပ် တွင် ဖော်ပြထား သည်။

အဆိုပါ မိန်းကလေး၏ ရက်စက် ကြမ်းကြုတ်စွာ မုဒိန်းကျင့် ခံရမှုကြောင့် အိန္ဒိယ ပြည်သူများ လမ်းပေါ် ထွက် လာကြပြီး တရားမျှတမှု ဆောင်ကျဉ်း ပေးရန်အတွက် တောင်းဆို ဆန္ဒပြကြသည်။ လူစုခွဲရန် အတွက် ကြိုးစားသည့် ရဲနှင့် လူအုပ်စု ထိပ်တိုက်ဖြစ်ကာ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ရဲတစ် ဦးလည်း သေဆုံး သွားခဲ့ရသည်။

အိန္ဒိယ နိုင်ငံတွင် အမျိုးသမီးများ၏ လုံခြုံရေး အခြေအနေသည် ဆိုးဝါးစွာ ယိုယွင်းလျက် ရှိကြောင်း ဆန္ဒပြ အမျိုး သမီးများ က ထောက်ပြ ဝေဖန်ထားသည်။ ရက်စက်သော မုဒိန်းမှုနှင့် စပ်လျဉ်းပြီး လူ ၆ ဦး အဖမ်းခံ ထားရ ကာ၊ ရဲနှစ်ဦး ကိုလည်း ရာထူးမှ ဆိုင်းငံ့ ထားသည်။

အသက်၂၃ နှစ်အရွယ် မုဒိန်းမှု၏ သားကောင် မိန်းကလေးသည် သူဆေးကုသမှု ခံယူနေရာ စင်္ကာပူဆေးရုံ မောင့်အဲ လိဇဘတ် တွင် မိသားစုများ ရှေ့မှောက်တွင် သေဆုံး သွားခဲ့ကြောင်း အဆိုပါ ဆေးရုံ က ထုတ်ပြန် ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်