Monday, December 31, 2012

အိန္ဒိယရောက် မြန်မာအမျိုးသမီးများ ထိတ်လန့်

Posted by drmyochit Monday, December 31, 2012, under | No comments


အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရလို့ သေဆုံးသွားတဲ့ ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြ တာပါ။ 

ပြီးတဲ့ သီတင်း နှစ်ပတ်က အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုကြောင့် သေဆုံးသွား ခဲ့ရပြီး၊ ဒီကနေ့ပဲ သင်ဂြိုလ်လိုက်တဲ့ အသက် ၂၃ နှစ် ဆေးကျောင်းသူလေး ဂယက်နဲ့ အိန္ဒိယနိုင်ငံမှာ ရောက်ရှိ နေထိုင်နေတဲ့ မြန်မာ အမျိုးသမီးတွေကြားမှာလည်း စိုးထိတ်မှုတွေရှိနေကြပါတယ်။ 

အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှု ဆိုတာ ဖြစ်နေကျ ပြစ်မှုတခုလို့ ဆိုရပေမယ့် အခုလို တနိုင်ငံလုံး ဟိုလေး တကျော်ဖြစ်လို့ ပြည်သူတွေ ဒေါသထွက်၊ မကျေနပ်ကြဘဲ ဆန္ဒပြမှုတွေ အစိုးရကို အရေးတယူ ချက်ချင်း ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ် အပြီးမှာ မြန်မာ အမျိုး သမီးတွေကြားမှာလည်း အခုလို ကြောက်ရွံ့မှုတွေ ရှိနေကြတာလို့ ဒေလီက ဘီဘီစီ သတင်းထောက် ကိုနေလင်းက ပြောပါတယ်။ 


ဒေလီက မခိုင်ခိုင်ထွေးကတော့ အခုလို သတင်းတွေကြားပြီးနောက်မှာ သူဟာ တယောက်ထဲ အပြင် မသွားရဲတော့ ဘူး၊ အထူးသဖြင့် ညနေခင်းနဲ့ မိုးကြီးချုပ်ရင် အပြင်မထွက်တော့ဘူး။ လုံခြုံမှု မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။ 

အန္ဒိယမှာ သူ့နိုင်ငံသားချင်းတောင် အခုလို ရက်ရက်စက်စက် ကျူးလွန်မှုတွေ ရှိနေတော့ နိုင်ငံခြားသား အဖြစ် နေရသူတွ ၊ဒုက္ခသည်အဖြစ်နဲ့ မှီခိုနေရသူတွေအတွက် ပိုလို့တောင် စိတ်ပူဖို့ ကောင်းတယ်လို့ ပြောဆို သုံးသပ်မှုတွလေည်း ရှိကြပါတယ်။ 

မမီးမီးကတော့ အိန်ဒိယမှာ နေရမှာကိုတောင် သူ့အနေနဲ့ ကြောက်နေမိပြီး၊ အိန္ဒိယ အမျိုးသားတချို့က ပါးစပ်နဲ့ စတာ၊ လက်ကပါတာတွဟော အမြဲမြဲလိုလို ကြားနေ၊ ကြုံနေရတယ်လို့ ဘီဘီစီကို ပြောပါတယ်။ 

အမျိုးသမီးတွရေဲ့ အရှက်၊ သိက္ခာနဲ့ လုံခြုံရေးအတွက် နေ့ခင်းဘက် အပြင်ဘက် ထွက်မယ်ဆိုရင်တောင် အုပ်စုလိုက် ထွက်တာက ကောင်းတယ်၊ နေ့ခင်းဘက် တယောက်ထဲ၊ နှစ်ယောက်ထဲ အပြင်ဘက် သွားကြ ရင်တောင် စိတ်ပူဖို့ကောင်းတယ်လို့ ဆက်ပြောပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန်ဆင်းကတော့ အိန်ဒိယမှာ အမျိုးသမီးတွရေဲ့ ဘဝတွေ လုံခြုံဖို့နဲ့ ပြစ်မှု ကျူးလွန်သူ တွေကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်ဖို့ကို အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက် သွားမယ်လို့ လူထုကို ကတိပြုထား ပါတယ်။ 

အဖြစ် အပျက်တွေဖြစ်ပွားပြီးနောက် ဆန္ဒပြမှုတွေကလည်း ရှိနေတဲ့အတွက် နယူးဒေလီက လမ်းမတွေ မှာတော့ လုံခြုံရေးတွေက တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရပါတယ်။


BBC မြန်မာပိုင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်