Monday, December 31, 2012

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့် နင်းခဲ့သည့် ဖြစ်ရပ် အပေါ်မြန်မာ နိုင်ငံသားများ မှ ကျေနပ်မှုမရှိ

Posted by drmyochit Monday, December 31, 2012, under | No comments

Photo: နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ
Monday, 31 December 2012

နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ြ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း  လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။
နိုင်ငံတော် အလံကို ခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာ နိုင်ငံသား များ၏ မုန်းတီးစိတ် ကိုပိုဖြစ် ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစား ဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော် သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော် အလံအား ခြေဖြင့် နင်းပြီး ဓာတ်ပုံ အရိုက်ခံကာ မီးရှို့ခဲ့ကြောင်း သတင်း ဓာတ်ပုံများ အရ တွေ့ရှိ ရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံး ၀မဖြစ်သင့် တဲ့ကိစ္စပါ။


တစ်ကမ္ဘာ လုံးက အသိ အမှတ် ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ် တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ် တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆို သွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း လုံးဝ ကျေနပ်မှု မရှိကြောင်း သိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊

နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် အမြတ် တနိုး ထားကိုင်တွယ် ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆို သွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူ တွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင် တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်း ပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ် အမြတ်ထား ရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ 

ဘာသင်တန်း ညာသင်တန်း ဆိုလို့ စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်း တွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက် လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ 


ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြု ထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြု ထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့် ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသား တွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်