ဆဒုံး ဒီဇင်ဘာ၃၁
စကားပါရွာမှ ၁၃နှစ်အရွယ် လူငယ်တစ်ဦးသည် သစ်ခွပင်ရှာရန် တောထဲသို့သွားစဉ် မနေ့ နေ့လည် ၁၂နာရီ ပတ်ဝန်းကျင်က ကေအိုင်အေထောင်ထားသော မိုင်းနင်မိခဲ့ပါသည်။ မိုင်းနင်းမိတာကြောင့် ညဘက် ခြေထောက်ပြတ်သွားပြီး ဒဏ်ရာရရှိခဲ့သည်။
မိုင်းနင်းမိသည့်လူနာကို ဆဒုံးဆေးခန်းမှပြသပြီး ညနေ ၃နာရီ လောက်မှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင် ကုသခဲ့သည်ဟုသိရပါသည်။
ကေအိုင်အေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားစဉ်ကတည်းက မိုင်းထိဒဏ်ရာရသူတွေ ခြေပြတ် လက်ပြတ်ဖြစ် တဲ့သူတွေနဲ့ များပြားနေပါပြီ ကချင်တိုင်းရင်းသားများက ငြိမ်းချမ်းရေးကိုအေးအေးချမ်းချမ်း နေနိုင်ရန် ငြိမ်းချမ်းရေးကိုမျှော်လင့်တောင်းတ နေကြရပါသည်။
Kachin Daily News
Time in Rangoon


0 comments:
Post a Comment