Monday, December 31, 2012

ကချင်စစ်ဘေးဒုက္ခသည်တွေကိုဘယ်လိုစဉ်းစားပေးမှာလဲ KIA ?

Posted by drmyochit Monday, December 31, 2012, under | No comments


KIA ကို တိုင်းရင်း သားတွေရဲ့အခွင့် အရေး အတွက် လက်နက် ကိုင် တိုက်ပွဲ ၀င်နေ တဲ့အဖွဲ့လို့ အရင်က စိတ်ထဲ မှာ အသိ အမှတ်ပြု ခဲ့သေးတယ်။ ဒါပေမယ့် ခုနောက်ပိုင်း တဖြည်းဖြည်း သိလာ တာက နိုင်ငံရေး ခံယူချက် မည်မည် ရရ မရှိတဲ့ အဖွဲ့တစ်ခု ဆိုတာ ပါပဲ။ ဘယ် လိုနိုင်ငံရေး လမ်းစဉ်ကို ကိုင်စွဲပြီး တိုက်ပွဲ ၀င်နေ တာလဲ၊ (အကယ်၍) ကချင်ပြည်နယ်ကို KIA လက်ထဲ ထည့်ပြီး “ခင်ဗျားတို့ စိတ်ကြိုက် အုပ်ချုပ်ပါ” ဆိုရင် ဘယ်လို ဖွဲ့စည်းပုံနဲ့ ဘယ်လို အုပ်ချုပ်မယ် ဆိုတာမျိုး ရှိရဲ့လား၊ ကချင်လူထု အကျိုး အတွက် လုပ်ကိုင်ဆောင်  ရွက်နေ တဲ့ အဖွဲ့ဖြစ် တယ်ဆို တာသေ ချာရဲ့လား ဆိုတဲ့မေး ခွန်းတွေ ကိုမေးခွန်း ထုတ်ရ ပါလိမ့်မယ်။

ငြိမ်းချမ်းရေးကိစ္စစဉ်းစားတဲ့နေရာမှာကချင်စစ်ဘေးဒုက္ခသည်တစ်သိန်းကျော်အတွက်ဘာလို့ထည့်မစဉ်းစား နိုင်ရတာလဲ။အဲဒီဒုက္ခ သည်တွေအတွက်ဘာတွေများကူညီစောင့်ရှာက်မှုတွေလုပ်ပေးပါသလဲ။မြန်မာ စစ်တပ် နဲ့ အစိုးရကမလုပ်ပေးဘူးဆိုရင်တောင်လက်ခံလို့ရသေးတယ်။

KIAအနေနဲ့ကိုယ့်လူမျိုးအချင်းချင်းအတွက်အဲဒီကိစ္စတွေကိုမစဉ်းစားပေးဘဲလက်နက်ကိုင်တိုက်ပွဲဝင်နေတာကချင်လူထုအတွက်လုပ်နေတဲ့တော်လှန်ရေးဟုတ်ပါရဲ့လား။

KIAထိပ်တန်းခေါင်းဆောင်တွေရဲ့ချမ်းသာကြွယ်ဝမှုဟာန၀တစစ်အစိုးရခေါင်းဆောင်တွေထက်မလျော့ဘူးဆိုတာလိုင်ဇာကိုရောက်ဖူးသူတိုင်းသိတဲ့ကိစ္စပါ။ဒါပေမယ့် တို့အနေနဲ့ကချင်ပြည်နယ်အတွက်ကျန်းမာရေး၊
ပညာရေး၊လူမှုဘ၀ဖွံ့ဖြိုးစည်ပင်ရေးတွေအတွက်ဘာများလုပ်ကိုင်ပေးခဲ့ပါသလဲ။လုပ်ခွင့်မရ လို့ဆိုတဲ့ အကြောင်း ပြချက် ချက်လောက်နဲ့တော့မလုံလောက်ပါဘူး။

ပညာထူးချွန်တဲ့ကချင်တိုင်းရင်းသားတွေအတွက်ပညာရေးရန်ပုံငွေတစ်ရပ်ထူထောင်ပြီးပြည်ပနိုင်ငံတွေမှာကျောင်းသွားတက်ဖို့စီစဉ်ပေးတာမျိုးလောက်တော့အနည်းဆုံးလုပ်လို့ရပါတယ်။တချို့ မြို့နဲ့ အလှမ်းဝေး တဲ့နေရာ ကဆင်းရဲငတ်မွတ်နေတဲ့ရွာသူရွာသားတွေအတွက်ဘယ်လိုများကူညီထောက်ပံ့ပေးခဲ့ဖူးပါသလဲ။တကယ်တမ်းပြန်တွေးကြည့်ရင် KIA နဲ့ န၀တ စစ်အစိုးရ ဟာ ကချင်လူထုအတွက်အတူတူပါပဲ။( န၀တ စစ်အစိုးရကတော့ ကချင်လူထုချည်းပဲမဟုတ်ဘူး၊မြန်မာတစ်နိုင်ငံလုံးအတွက်လဲဘာမှမစဉ်းစားပေးခဲ့ဘူး) ကချင်ပြည်နယ်ကိုသာKIAလက်ထဲထည့်ပြီးစိတ်ကြိုက် လုပ်ခွင့်ပေး လိုက်ရင် ကချင်ပြည် သူတွေ အနေနဲ့ စစ်အာ ဏာရှင် စနစ်ကိုနောက်တစ်ကြိမ်ပြန်ရင်ဆိုင်ရမှာအသေအချာပဲ။

ငြိမ်းချမ်းရေး ကိစ္စ ညှိနှိုင်းရ ခက်နေ တယ်ဆို တာလဲ KIA မှာ တိကျသေချာ တဲ့နိုင်ငံရေး မူဝါဒမရှိသလို ကချင်ပြည်နယ်အနာဂတ်အတွက်ရည်ရွယ်ချက်ကြီးကြီးမားမားမရှိလို့ပဲဖြစ်ပါတယ်။နိုင်ငံရေးမူ ၀ါဒမရှိ ဘဲလက် နက်ကိုင် တယ်ဆိုရင်ဓားမြအဖွဲ့ပဲဖြစ်လာမှာပါ။တော်လှန်ရေးသမားတော့ဖြစ်လာမှာမဟုတ်ပါဘူး။

အခုလဲသိပ်တော့မထူးပါဘူး…

လက်နက်ကိုင်စီးပွားရေးလုပ်ဖို့အတွက်ငြိမ်းချမ်းရေးကိစ္စအပေါ်အလေးအနက်မရှိခြင်းဆိုတာသေချာခဲ့ရင်တော့အပြစ်မဲ့ဒုက္ခရောက်နေရတဲ့ကချင်လူထုရဲ့ဒဏ်ခတ်မှုကို KIA အနေနဲ့တချိန်ချိန်မှာရင်ဆိုင်ရပါလိမ့်မယ်။ကိုယ်ကျိုးရှာရုံ၊ကိုယ့်အာဏာတည်မြဲရုံလောက်နဲ့ တစ်ဖက်က ကချင်တိုင်းရင်းသားတွေ ရဲ့ဒုက္ခတွေ ကိုမျက် ကွယ်ပြုနေ တဲ့KIAရဲ့သမိုင်းဟာရှေ့ဆက် ဘယ်လိုမှ လှပခန်း နားနိုင် မှာမဟုတ် တာသေချာ ပါတယ်။

Kachin Daily News မှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်