Monday, December 31, 2012

ဧရာဝတီမြစ်ကြောင်းတွင် သင်္ဘောများပေါ် ပစ္စည်းခိုးခြင်း၊ လေးခွဖြင့်ပစ်ခြင်းများ ကြုံတွေ့ရ

Posted by drmyochit Monday, December 31, 2012, under | No comments

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဖြစ်သော ဧရာဝတီမြစ်အတွင်း ဗန်းမော် မြို့နှင့် မန္တလေးမြို့ ပြေးဆွဲလျက်ရှိ သော သင်္ဘောများပေါ်သို့ တက်၍ ပစ္စည်းများကို ခိုးယူခြင်းနှင့် ခိုးမရပါက လေးခွဖြင့်ပစ်၍ ပြေးသော ဖြစ်ရပ် များ ဖြစ်ပွားလျက် ရှိကြောင်း မန္တလေးဆိပ် ကမ်းရှိ ရေယာဉ်လုပ်သားများနှင့် အဆိုပါ ခရီးစဉ်သို့ နိုင်ငံခြား သား ဧည့်သည်များ နှင့် သွားရောက်ခဲ့သူ ဧည့်လမ်းညွှန် ဦးသက်ဦးတို့ထံမှ စုံစမ်း သိရှိရသည်။



ယခုလ ၁၁ ရက်နေ့က ကမ္ဘာလှည့် ခရီးသည်များအတွက် ဗန်းမော်-မြစ် ကြီးနား မြစ်တွင်း ခရီးစဉ် ပြေးဆွဲနေ သော အမရာ ခရီးသွား သင်္ဘောသည် ဗန်းမော်မြို့မှ မန္တလေးတိုင်း ဒေသကြီး မရမ်းခြံ ဆိပ်ကမ်းသို့ စုန်ဆင်းလာစဉ် ကျွဲစွန်းရွာမှ အထွက် နံနက် ၉ နာရီတွင် လူနှစ်ဦးစီ ပါသော စက်လှေငါးစင်းက နောက်မှလိုက်ပါကာ လေးခွနှင့် ပစ်ခတ် ခဲ့ကြောင်း ဧည့်လမ်းညွှန် ဦးသက်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောပြသည်။

"ကျွန်တော်တို့ အဲဒီရွာက ထွက်ပြီး မင်းကွန်းမှာ ညအိပ်ရမှာ။ အဲဒီရွာက ထွက်တော့ မနက် ၈ နာရီလောက်ရှိပြီ၊ ကမ္ဘာလှည့် ဧည့်သည် ရှစ်ဦးပါတယ်။ ကျွန်တော်တို့ ထိုင်စကားပြောနေတုန်း စက်လှေငါးစင်း ဘေးတစ်ဖက်စီက ပါ လာတာ မြင်ရတယ်။ နောက်တော့ တစ်ခုခုနဲ့ ပစ်လိုက်သံကြားရတယ်။ နောက်ဆုံး စက်လှေကို ပစ်လိုက်တာတော့ သိလိုက်တယ်။ ဧည့်သည်တွေကလည်း လန့်သွားကြတယ်" ဟု ၄င်းကဆိုသည်။

ယင်းသင်္ဘောတွင် ဂျာမန်ခရီးသွား လေးဦးနှင့် လူဇင်ဘတ် နိုင်ငံသားလေးဦးတို့ ပါဝင်ပြီး ၄င်းတို့သည် ယင်းခရီးစဉ် တွင် ဧရာဝတီမြစ်ရိုး တစ်လျှောက် လေ့လာ ခြင်းဖြစ်ကြောင်း ၄င်းထံမှသိရသည်။
"သူတို့က ငါးဖမ်းစက်လှေကလေး တွေ လေး၊ ငါး၊ ခြောက်စင်းလောက်နဲ့ ရောက်လာပြီး လစ်ရင်ခိုးကြတယ်။ ဒါ ကြောင့်မို့ ကျွန်တော်တို့ သင်္ဘောတွေဆို ညပိုင်း အလှည့်ကျစောင့်ရတယ်"ဟု ဂေါဝိန် ဆိပ်ကမ်းရှိ သင်္ဘောပိုင်ရှင် တစ်ဦးကဆိုသည်။

ဆိပ်ကမ်းပေါ်တွင်သာ လုံခြုံရေး များတွေ့ရပြီး မြစ်ထဲတွင်မူ လုံခြုံရေးများကို မတွေ့ရှိရကြောင်း၊ ပစ္စည်း ပျောက်သူများ အနေဖြင့် တိုင်ကြားခြင်း များမရှိသောကြောင့် အတင့်ရဲလာခြင်း ဖြစ်ကြောင်း၊ တိုင်ကြားလိုသော်လည်း ဝေးလံသော တစ်ဖက်ကမ်းမြို့နယ်သို့ သွားရောက်တိုင်ကြားရမည်ဖြစ်ကြောင်း၊ ပစ္စည်းခိုးသူများသည် တစ်ဖက်ကမ်းမှ လာရောက်ခိုးယူခြင်း ဖြစ်နိုင်ကြောင်း၊ ပစ္စည်းခိုးသူများမှာ သင်္ဘောပေါ်သို့ ပေါ်ပေါ်ထင်ထင် တက်ရောက်လေ့ရှိ ကြောင်း၊ မြင်တွေ့သော်လည်း မည်သူမျှ ဝင်ရောက်ဖမ်းဆီးခြင်းမရှိကြောင်းနှင့် ၄င်းတို့တွင် လေးခွ၊ ဓားစသောလက်နက် များပါရှိသောကြောင့် ရန်ရှာမည်ကို စိုးရိမ်သောကြောင့် မိမိသင်္ဘောမှ ပစ္စည်း မပျောက်ရေးကိုသာ ဂရုစိုက်နေရကြောင်း မလိခ သင်္ဘောကုမ္ပဏီ ကပ္ပတိန်တစ်ဦး ကပြောကြားသည်။ 

ယင်းကိစ္စနှင့်ပတ် သက်၍ မန္တလေးတိုင်း အုပ်ချုပ်ရေးမှူး ရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် လွန် ခဲ့သော တစ်နှစ်ကျော် ကာလခန့်က ထိုကဲ့သို့ ခိုးယူမှုများဖြစ် ပွားခဲ့ကြောင်း နှင့် ယခုအချိန်တွင် ထိုကဲ့သို့ ခိုးယူမှုများ မရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအုံးလွင် က ပြောဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်