Monday, December 31, 2012

ကြေငြာချက်ထုတ်ချင်သည့် ၈၈ တို့အတွက် မေးခွန်းများ

Posted by drmyochit Monday, December 31, 2012, under | 1 comment

ရခိုင် အရေးဖြစ်တော့ ရန်ကုန်ကနေ ကြေငြာချက် ထုတ်တယ်။ လက်ပံတောင်းမှာ လှုပ်ရှားနေတုန်းက သံ မထွက်ဘဲ မီးလောင်ပြီးတော့ အပြေးအလွှားသွားကြည့်ကြတယ်။ ကော်မရှင်ဖွဲ့တော့ မပါပြန်ဘူး။ စစ်ပွဲေ လး စချိန်မှာ ကေအိုင်အေနဲ့ ညှိပြီး ကချင်ပြည်နယ်မှာ ကခုန်ပျော်ပါးခဲ့ကြတယ်။ သွေးခွဲ စကားတွေ၊ အထောက် အပံ့စကားတွေ ပြောခဲ့ပြီး အခုတော့ ကြေငြာချက် တစ်ခု ထပ်ထွက်လာပြန်ပြီ။ ဒါဖြင့် မင်းကိုနိုင် တို့ အားလုံးကို ဒါလေးတွေ မေးလိုက်ချင်တယ်။



ကေအိုင်အေဟာ ကချင်ကို ကိုယ်စားပြုတယ်ဆိုရင် ရှမ်းပြည်နယ်ထဲ ရောက်နေတဲ့ ကေအိုင်အေ စခန်းတွေ ကိစ္စကို ဘယ်လို ဖြေရှင်းမလဲ။

ကချင်လူမျိုးတွေ ငြိမ်းချမ်းစေချင်လို့ပါဆိုရင် လိုင်ဇာဒေသ မဟုတ်တဲ့ နေရာတွေမှာ ငြိမ်းချမ်းတဲ့ အရသာ ခံစားနေရပြီးမှ ကေအိုင်အေကို မြို့ပေါ်မတက်လာပါစေနဲ့ လို့ဆုတောင်းနေတဲ့ ကချင်တွေအတွက် ဘယ်သူ စဉ်းစားပေးမလဲ။

ကေအိုင်အေ မြို့ပေါ်တက် ဆက်ကြေးကောက်၊ လူသစ်စုတာတွေ ကို နောင် ထပ်မဖြစ်တော့ပါဘူးလို့ အာမခံချက် ရအောင် ခင်ဗျားတို့ ဘယ်သူ အာမခံမလဲ။ 

ကေအိုင်အေရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်စေရဘူးလို့ ခင်ဗျားတို့ ဘယ်သူ တာဝန်ယူမလဲ။

အခန့်မသင့်တိုင်း မီးဖြတ်၊ ဗုံးခွဲ၊ အကြမ်းဖက် ချင်တဲ့ ကေအိုင်အေ၊ ဒီတစ်ခါ နောက်ဆုံးပါပဲလို့ ဘယ်သူ အာမခံ မလဲ။

ငြိမ်းချမ်းရေး မရှိတဲ့နောက် အသက်ပေးပြီး အလောင်းကို မြေမမြုပ်ပေးရသေးတဲ့ တစ်နိုင်ငံလုံးကို ပတ်ပြီး ကာကွယ်ပေးနေတဲ့ တပ်မတော်သားတွေရဲ့ အသက်တွေအတွက် ဘာတွေ ပေးဆပ်မလဲ။

ခင်ဗျားတို့ နေရာ မဟုတ်ဘူး။ ခင်ဗျားတို့မှာ နိုင်ငံအတွက် တာဝန်ယူပေးရတဲ့ တာဝန် တစ်ခုမှ မရှိဘူး။ ခင်ဗျားတို့ အရှက်မရှိ လုပ်ချင်ရာ လုပ်လို့ရတယ်။ ခင်ဗျားတို့သည် ထောင်ထွက် အဆင့်။ ဆူပူသောင်း ကျန်းလို့ ဘွဲ့မရတဲ့ ကျောင်းသားအဆင့်။ မြန်မာ့နိုင်ငံရေးမှာ ခင်ဗျားတို့ရဲ့ နေရာက ဘာလဲ။ ခင်ဗျားတို့ ညှိုနှိုင်းလို့ အဆင်ပြေခဲ့ကြေးသာ ဆိုရင် ခင်ဗျားတို့ ဖားကန့်သွားကြကထဲက စစ်ပွဲ ပြီးနေပြီ။ အခုတော့ တစ်ခါသွားပြီး ကိုယ့်အလုပ် မဟုတ်သလို နယ်လှည့်ဝင်ငွေရှာ၊ ပျော်ပါးကြပြီးမှ စားပေါက်ပျောက်လို့ အလုပ်ရှာတဲ့ သဘောနဲ့တော့ ထပ်ပြီး ၀င်မရှုပ်ကြနဲ့တော့လို့ပဲ ပြောချင်တယ်ဗျာ။


1 comments:

မင်းကိုနိုင် မြအေး- စကားဆင်ဆင်ခြင်ခြင် ပြောစေခြင်ပါတယ်။ မင်းတို.ငါတို.ကျောင်းသားဘ၀တုံးက သပိတ်မှောက်ကြတုံးက တစ်နိုင်ငံလုံး အငတ်ဘေးကြုံခဲ.ကြသေးတယ်လေ၊မင်းကအခုမှ လူကြားကောင်းအောင် စစ်ပွဲတွေရပ်ဖို.လာအော်နေတယ်။ ကချင်ပြည်နယ်တာအမည်ခံထားတာ aအရှော့ပေးထားတဲ့ ၁၇နှစ် အတွင်းမှာ သူပူန်အင်အားကြိးဖြစ်လာအောင် စစ်အင်အားကို တိတ်တိတ်လေးနဲ့ အကြိးအကြယ်ထူထောင်ပြိုး ကျန်တဲ့တိုင်းရင်းသားတွေကို မတရားအနိုင်ကျင့်နေလို.ဒီစစ်ဖြစ်လာတာပါ။ ကခင်ပြည်နယ်မှာ ကချင်/kiaki0တွေ တနိုင်းဘက်ကဘုရားတွေ မိုင်းခွဲဖျက်ဆီး ကျန်တဲ့တိုင်းရင်းသားတွေကို အနိုင်ကျင့် နှိပ်စက် လုပ်ချင်တိုင်းလုပ်နေတာတွေကို ထဲထဲဝင်ဝင် သိချင်ရင် အနဲဆုံး ၆လလောက်လာနေကြည့်ပါ။ မင်းတို.နိုင်ငံရေးသမားတွေနဲ. မိဒီယာသမားတွေ kia^ki0ဘယ်လောက်ဆိုးတယ်ဆိုတာ သိရက်နဲ. နှုပ်ပိတ်နေကြတာမဟုတ်လား။ မင်းတို.ရော မီဒီယာသမားတွေပါ KIA^KI0 ရဲ့ထောက်ပံ့ငွေယူထားကြတယ်မဟုတ်လား။ မင်းတို.အားလုံးသမိုင်းတရားခံတွေဖြစ်နေကြပါပြီ။ စဉ်းစားပါသူငယ်ချင်း။
သစ္စ္စာဖေါက်၈၈မင်းကိုနိုင်၊မြအေးနဲ.အဖွဲ.၊ kiaအထောက်အပံ့ခံ မြန်မာမီဒီယာများကို ၀ိုင်းဝန်းဖေါ်ထုပ်ကြပါစို.။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်