Monday, December 31, 2012

ပုသိမ်-ချောင်းသာ မှန်လုံအမြန်ယာဉ် ချောင်းထဲကျ၊ ၁ ဦးသေ၊ ၁၄ ဦး ပုသိမ်ဆေးရုံရောက်"

Posted by drmyochit Monday, December 31, 2012, under | No comments

ပုသိမ်မှ ချောင်းသာသို့သွားသော မှန်လုံအမြန်ယာဉ်တစ်စီးသည် ယနေ့ နေ့လည်ပိုင်းက ပုသိမ်-ချောင်းသာ လမ်းပေါ်ရှိ ၀ါးပိုးကျေးရွာတံတားအရောက်တွင် တံတားပေါင်ကိုဝင်တိုက်မိရာမှ တံတားအောက် ချောင်း ထဲသို့ ထိုးကျခဲ့ကြောင်းသိရသည်။


ယင်းဖြစ်ရ ပ်ကြောင်း တစ်ဦးသေဆုံးက ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။


"ဒဏ်ရာရတဲ့ ၁၄ဦးကို ပုသိမ်ဆေးရုံခေါ်လာတယ်။ တစ်ယောက်ကတော့ ကားအောက်မှာ ပိနေတာ ပြမ်မဖေါ် ရသေးဘူး။ သေနေပါပြီ။ ကားက ပုသိမ်ကနေ မွန်းလွဲ ၂ နာရီကထွက်သွားတာ။ ခရီးသည် တင်ကား ဆိုပေမယ့် ဆန်အိတ်တွေလဲတင်ထားတယ်။ ခရီးသည် ၄၀ ပါသွားတယ်။ ပွန်းပဲ့ ဒဏ် ရာရ သူတွေလဲရှိတယ်။ ဒဏ်ရာရတဲ့သူတွေကို ကျွန်တော်တို့အသင်းက ကားနဲ့ သွားတင်ပြီး ပုသိမ်ဆေးရုံကို ပို့ထား တယ်"ဟု ပုသိမ် မေတ္တာရိပ်ကျန်းမာရေးစောင့်ရှောက်မှု အသင်းနှင့် ကရုဏာ လူမှု ကူညီရေး အသင်းမှ အဖွဲ့ဝင် ဦးဖိုးဇော်မြင့်ကပြောသည်။


Popular Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်