Sunday, December 30, 2012

KIO/KIA ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေးဒုက္ခသည် ၆၅၀၀၀ ကျော် ရောက်ရှိ

Posted by drmyochit Sunday, December 30, 2012, under | No comments


KIO/KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများ၌ စစ်ပြေး ဒုက္ခသည် ၆၅၀၀၀ ကျော် ရောက် ရှိနေကြောင်း KIO မှ ဖွဲ့စည်းထားသော ဒုက္ခသည် ကယ်ဆယ်ရေးဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒူဘီဆား က ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။ 


အဆိုပါ ဒုက္ခသည် စခန်းများအနက် လိုင်ဇာမြို့အနီးရှိ Je Yang ဒုက္ခသည် စခန်းမှာ အကြီးဆုံး ဖြစ်ပြီး ထိုစခန်း ၌ မိုးမောက်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဒုက္ခသည် ၇၀၀၀ ကျော် ရောက်ရှိနေကြောင်း သိရပါ သည်။ Je Yang ဒုက္ခသည် စခန်းအပါအ၀င် လိုင်ဇာမြို့အနီးတ၀ိုက်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများ များ၌ ဒုက္ခသည် ၁၄၀၀၀ ကျော် ရှိနေကြောင်း သိရသည်။ 


KIO/KIA ထိန်းချုပ် နယ်မြေ အတွင်း၌ လိုင်ဇာမြို့အနီးတ၀ိုက် အပါအ၀င် တရုတ်-မြန်မာ နယ်စပ် တလျှောက် တွင် ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းအရေအတွက်ပေါင်း ၃၀ ကျော်ရှိကြောင်း သိရပါ သည်။ 


"စာရင်းအနေနဲ့ ဆိုရင်တော့ စစ်ဘေး ဒုက္ခသည် စုစုပေါင်း ၆၅၃၁၀ ဦး ရှိပါတယ်။ အများစုကတော့ ကချင်ေ တွပါ။ ရှမ်းတစ်ချို့လည်း ပါပါတယ်”ဟု ဒူဘီဆားက ပြောပါသည်။ 


ဒုက္ခသည် စခန်းအတွင်းသို့ ရောက်ရှိလာသော ဒုက္ခသည်များကို နေ့စဉ် ဆန် နှစ်ဗူးနှင့် ဟင်းစားဖိုး ငွေကျပ် ၂၀၀ ပေးနိုင်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိအချိန်တွင် နေ့စဉ် ဆန်နှစ်ဗူးကိုသာ လုံလောက်စွာ ပေးနိုင် သည့် အခြေအနေသာရှိကြောင်း ဒူဘီဆားက ဆက်လက် ပြောပြသည်။ ထို့အပြင် အသုံးအဆောင် အ၀တ် အထည်နှင့် ဆေးဝါး ကူညီ ထောက်ပံ့ရေး ဆိုင်ရာ များတွင်လည်း လိုအပ်ချက်များ ရှိနေကြောင်း သိရပါ သည်။ 


KIO/KIA ထိန်းချုပ် နယ်မြေ အတွင်း၌ ဒုက္ခသည်စခန်းများကို KIO မှ အဓိက ထောက်ပံ့မှုများ ပြုလုပ်ေ နရပြီး တရုတ်နိုင်ငံနှင့် ကချင်ပြည်နယ် အတွင်းမှ ခရစ်ယန်ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 


"Je Yang ဒုက္ခသည်စခန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လမှာ စဖွင့်ခဲ့တာပါ။ ဒုက္ခသည် စခန်းတွေ စဖွင့်ပြီးနောက် အခုချိန်ထိ ကူညီထောက်ပံ့မှုအတွက် ကုန်ကျစရိတ်က တရုတ်ငွေ သိန်း ၉၀ မြန်မာငွေနဲ့ တွက်ရင် ကျပ် သိန်း ၆၀၀၀ ကျော် ရှိပါတယ်”ဟု ဒူဘီဆားက ပြောသည်။ 


KIO/KIA ထိန်းချုပ် နယ်မြေ အတွင်းရှိ ဒုက္ခသည် စခန်းများသို့ UN အပါ အ၀င် အခြား NGO အဖွဲ့ အစည်းများမှ ထောက်ပံ့မှုအချို့ ရှိသော်လည်း နည်းပါးကြောင်း သိရသည်။ "UN ကတော့ ၂၀၁၁ ခုနှစ် ဒီဇင် ဘာလတုန်းက ကားနှစ်စီးစာ ထောက်ပံ့သွားတယ်။ အဲတာ နောက်ဆုံးပါပဲ”ဟု ဒူဘီဆားက ပြောပါ သည်။ 


စစ်ဘေး ဒုက္ခသည်များကို ကူညီရန်အတွက် မည်သည့် အဖွဲ့အစည်းကိုမဆို ကြိုဆိုကြောင်းနှင့် ၄င်းတို့ အနေဖြင့် ဒုက္ခသည် ကူညီရေးအတွက် လာရောက်သော မည်သည့်အဖွဲ့အစည်းကိုမျှ တားဆီးခြင်း မရှိကြောင်း ဒူဘီဆားက ပြောသည်။ 


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တို့အကြား တိုက်ပွဲ များ မှာ ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန် လျက်ရှိနေ ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အစိုးရတပ်များနှင့် KIA တို့အကြား တိုက်ပွဲပေါင်း ၂၄၀၀ ကျော် ဖြစ်ပွားခဲ့ပါသည်။ 


တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ ပိုမိုများပြားလျက်ရှိနေပြီး အစိုးရ ထိန်းချုပ် နယ်မြေ အတွင်း၌ စစ်ဘေးဒုက္ခသည် အရေအတွက် တစ်သိန်းနီးပါးနှင့် KIO/KIA ထိန်းချုပ်နယ်အတွင်း၌ ဒုက္ခသည် အရေ အတွက် ခြောက်သောင်းကျော် ရှိနေသဖြင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်ြးေ ခာက်သောင်းကျော် ရှိနေပြီ ဖြစ်ပါသည်။ 


Eleven Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်