Sunday, December 30, 2012

ကျောင်းသူတစ်ဦး ဖယ်ရီကြိုပို့ယာဉ် တိုက်မိပြီး သေဆုံးခဲ့ရာ ကျောင်းအာဏာပိုင်များမှ အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ်

Posted by drmyochit Sunday, December 30, 2012, under | No comments


ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သော မချောသဇင်ဝတ်မှုံ သိန်း (တတိယနှစ်) အသက် ၁၉နှစ်သည် ၂၄.၁၂.၁၂(တနင်္လာနေ့)တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းဝင်းအတွင်း ဖယ်ရီ ကြိုပို့ ယာဉ်ဖြင့် တိုက်မိပြီး သေဆုံး သွားမှုနှင့် ပတ်သတ်ပြီး ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခချုပ် အပါအ၀င် ကျောင်း အာဏာပိုင် များမှသေဆုံး သူနှင့် ပတ်သတ်သော သတင်းများ ဖုံးဖိထားခြင်း။

တာဝန်မဲ့စွာ လျစ်လျူရှုခြင်း၊ ဖြစ်ရပ်မှန်အားထိန်ချန်ထားခြင်း နှင့်ပတ်သတ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ကွန်ပျူတာတ.က.သ)မှ သေဆုံးသူ မိသားစုများနှင့် သွားရောက် တွေ့ဆုံ အားပေး စကား ပြောကြားပြီး ကျောင်းဝင်းအတွင်းရှိ သူမကား တိုက်ခံ ရသည့် နေရာတွင် သေဆုံး သူအား ရည်စူးပြီး သာဓု ကန်ဆရာတော် အပါအ၀င် သံဃာတော် များအား ပင့်ဖိတ်ကာ အမျှ အတန်း ပေးဝေ ပွဲ ကိုယနေ့  ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်း အတွင်းရှိ ကုက္ကိုလ်ပင် အောက်တွင် ကျင်းပရန် စီစဉ်ထား သော်လည်း ကျောင်း အာဏာ ပိုင်များမှ ထိုကဲ့သို့ သေဆုံးသည့် သတင်း ပေါက်ကြားသွား မည်ကိုစိုးရိမ်သောကြောင့် အမျှအတန်းပေးဝေပွဲအားမပြုလုပ်ရန် တားမြစ် ပိတ်ပင် ခဲ့ခြင်း ကြောင့် ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှဦးဆောင်ပြီး ကျောင်း၏ မုခ်ဦးဝတွင် ခုံများ ခင်းကျင်းကာ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀နီးပါးခန့်နှင့် အတူ ရေစက်ချ အမျှ အတန်း ပေးဝေခဲ့ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှထုတ်ပြန်သော ၀မ်းနည်းကြောင်း သ၀ဏ် လွှာအား ဖတ်ကြားခဲ့သည်။


သတင်းမီဒီယာများအနေဖြင့် ဖော်ပြပါသတင်းဖြစ်ရပ်အပြည့်အစုံအား သိရှိလိုပါက


ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Ucsy SU)


ရန်ကုန်ကွန်ပျူတာ (တ.က.သ) အလုပ်အမှုဆောင်များ


မ၀တ်ရည်မောင် 0973185757


ကိုရဲကျော်ကျော် 09421079311


ကိုရဲဇာနည်ထွန်း 09421149863 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရွှေမြန်မာမီဒီယာဂရုမှ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်