Sunday, December 30, 2012

မူလတန်းကလေးမိဘများ သတိထားရန်

Posted by drmyochit Sunday, December 30, 2012, under | No comments


 
 စက်တင်ဘာ ၁၃ စက်တင်ဘာ ၁၃ရက်နေ့က ရွှေပြည်သာ မြို့နယ် ၁ ရပ်ကွက်ရှိ အမက (၄၂) ဒုတိယ တန်း (ဂ)မှ ကျောင်းသူ မအေးပြည့်စုံ (၇) နှစ်၊မစုဒါလီ (၈) နှစ်တို့သည် နေ့လည် ၁၁ နာရီကျော်က ကျောင်း တက်ရန် ကျောင်းသို့ အလာ ကျောင်းနားရောက်ခါနီး တွင်အရပ် ၅ ပေခန့် အသားညို ပိန်ပိန်ပါးပါး အသက် (၃၀) ခန့် အမျိုးသမီးတစ်ဦးသည်ကလေးနှစ် ယောက်ကို နာရီဗူးကလေးများကို ပြ၍ “မဲနှိုက် ပေးမယ် လိုချင်ရင်လိုက်ခဲ့”ဟု ခေါ်သွားရာ တညင်းကုန်းရထားသံလမ်းအရောက်တွင် မအေးပြည့်စုံ၏ ကိုးသောင်းကျပ် တန်ရွှေနားကပ်ကို ပြုတ်ကျသွားမယ်ချွတ်ပြီး ဗူးထဲ ထည့်ပေးထား မယ်”ဟု ပြောပြီး။


နားကပ်ကို ချွတ်၍ ဗူးထဲထည့်ကာ ဗူးကို မအေးပြည့်စုံထံ ပြန်ပေးထားလိုက်သည်။

လေတပ်ဘူတာမှ မြို့ပတ် ရထားစီး၍ အင်းစိန်ဘူတာဆင်း ပြီးနောက် အင်းစိန်ပန်းခြံမှ ရွှေပြည်သာသို့ သွား သည့်ကား ပေါ်တင်ပေးကာစပယ်ယာကိုမြင်းလှည်းဂိတ်မှတ်တိုင်ချပေးရန် ပြောလွတ်လိုက်ပါသည်။

ကားဂိတ်တွင် ယောင်ပေပေဖြစ်နေသော ကလေးနှစ်ယောက်ကိုကျောင်းသားမိဘတစ်ဦးမှ ကျောင်းသို့ ခေါ် လာပြီး ကျောင်းအုပ်ကြီးထံ အပ်နှံခဲ့သည်။ နားကပ်ထည့်ထား သော ဗူးကိုဖွင့်ကြည့်ရာ နားကပ် မရှိဘဲ ကျောက်ခဲ လေးသာတွေ့ရ သည်။

ဤကဲ့သို့ဖြစ်စဉ်မျိုးကို မူလတန်း ကျောင်းများတွင် မကြာခဏဖြစ်ပေါ်နေပါသည်။ ကလေးများကို အိမ်မှ တစ်ဦးဦး ကြို/ပို့ ပြုလုပ် သင့်ပါသည်။ ပို့သူမရှိရင်လည်း စိတ်ချယုံကြည်ရမည့်အဖော်များ နှင့် ကြို/ပို့ လုပ် သင့် သည်။ အထူး သဖြင့် အရွယ်မရောက်သေးသည့် ကလေးငယ်များကို ရွှေငွေလက် ၀တ်ရတနာ ဆင်မ ပေးတာ ကလေး များအတွက် အန္တရာယ်အကင်းဆုံး ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ပါသည်။


ဝင်းနောင် (ရွှေပြည်သာ)
The Hot News 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်