Saturday, May 18, 2013

၁၅၀၀ ဖုန်းက GSM ထက်အင်တာနက်မြန်သည်ဟုဆို

Posted by drmyochit Saturday, May 18, 2013, under | No comments


CDMA 800 MHZ ဖုန်းဖြင့် အင်တာ နက်သုံး စွဲရာတွင်GSM ဖုန်းဖြင့် အင်တာနက် သုံးစွဲ မှုထက် (၂)မိနစ် ပို၍မြန်ဆန်မှု ရှိကြောင်း ပြည်တွင်းအိုင်တီပညာရှင်တစ်ဦး က ပြောသည်။
“GSMစ နစ်မှာ3G သုံးဖို့ ဆိုရင် လက်တွေ့မှာ အမြင့်ဆုံးGalaxy Note II ကို သုံးရတယ်။

(၁၅၀၀)တန်ဖုန်းက မြန်မာအတွက် သီးသန့်ရောင်းတဲ့အမြင့်ဆုံးGalaxy Ama-Eing ကိုသုံးရတယ်။ နှစ်ခုကိုယှဉ်ပြီးသုံးတဲ့အခါYou Tube ကိုခေါ်ကြည့်တယ်။ နှစ်မိ နစ်ကွာတယ် Gmail ကိုခေါ်တာ လည်း ကွာတယ်။You Tubeက ဖိုင်အလိုက်ခေါ်ရတဲ့အတွက် ကြာတယ်။ အဲဒီမှာ (၁၅၀၀)တန် ဖုန်းက နှစ်မိနစ်ပိုမြန်နေတာကို တွေ့ရတယ်။ ဟန်းဆက်ဈေးနှုန်း ကိုကြည့်ရင်လည်း (၁၅၀၀)တန် ဖုန်းကအများဆုံး တစ်သိန်းခွဲ လောက်ပဲ သုံးရတယ်။GSMက (၆)သိန်းလောက်သုံးရတယ်။

(၁၅၀၀)တန်ဖုန်းသုံးတဲ့သူအတွက် သက်သက်သာသာနဲ့ ၀န်ဆောင် မှုရတယ်””ဟု ၎င်းကပြောသည်။
အဆိုပါ (၁၅၀၀)တန်ဖုန်း များအတွက် ငွေဖြည့်ကတ်မှာ (၅၀၀၀)ကျပ်၊ (၁၀၀၀၀)ကျပ်၊ (၃၀၀၀၀)ကျပ်ရှိပြီး (၅၀၀၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၆၀)၊ (၁၀၀၀၀) တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၂၀)၊ (၃၀၀၀၀)တန်ကတ်၏ သက်တမ်း မှာ ရက်ပေါင်း (၃၆၀)ဖြစ်ပြီး ပြည်ပခေါ်ဆိုမှုအတွက် ဒေါ်လာ (၁၀)၊ (၂၀)၊ (၅၀)တန်ကတ်များရှိ ပြီး ဒေါ်လာ (၁၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၀၀)၊ (၂၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၂၀၀)၊ (၅၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၅၀၀)ရှိကြောင်း သိရသည်။

၎င်းအပြင် နောက်ပိုင်းတွင် အာဖရိက၊ ဖိလစ်ပိုင်နိုင်ငံများ ကဲ့သို့ ဖုန်းဖြင့်ဘဏ်စနစ် ငွေလွှဲ သည့်စနစ်မှာနောက်နှစ်လခန့်တွင် ပေါ်လာဖွယ်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။




လင်းခ(သဲတော
From: The Hot News Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်