အစ္စရေးတို့သည်
ဇွန်လ၂၃ ရက်နေ့တွင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ လုံခြုံရေးနေရာ ၃ ခုအား လေကြောင်းထိုးစစ်ဆင်စတင်မှု
ပြုလုပ်ရာ လူပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့ပါသည်။ ဂါဇာကမ်းမြောင် ဒေသမှ စစ်သွေးကြွများက
အစ္စရေးနိုင်ငံအတွင်းသို့ ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ သောကြောင့် အစ္စရေးတို့က လက်တုံ့ပြန်ဒဏ်ခတ်ခြင်းဖြစ်ပြီး
လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးတို့က မှတ်ချက်ပြုပြောကြားခြင်းမရှိပေ။ ဂါဇာမြို့ရှိ
လုံခြုံရေးပစ်မှတ်များအပြင် မြောက်ဘက်နှင့်တောင်ဘက်ဒေသများသို့ လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း
ဂါဇာဒေသရှိအရာရှိများက ပြောကြားခဲ့ ပါသည်။
Time in Rangoon

0 comments:
Post a Comment