Sunday, June 24, 2012

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့်ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်သွားရန်စီစဉ်ထားခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments


အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ကြည်းတပ်လေ့ကျင့်ခန်းများ အပါအဝင် ပူးတွဲစစ်ရေး လေ့ကျင့်ခန်း များပြုလုပ်သွားရေး
တရုတ်နိုင်ငံထံ ကမ်းလှမ်းသွားရန်စီစဉ်ထားကြောင်း ဇွန်လ ၂၁ ရက်နေ့ Press Trust of India(PTI) သတင်းတစ်ရပ် အရသိရှိရပါသည်။ အိန္ဒိယနိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့်ပူးတွဲစစ်ရေး လေ့ကျင့်ခန်းများပြုလုပ်သွားရေးစီစဉ်ထားပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးဆက်ဆံမှုများ အရှိန်အဟုန်မြှင့်တင်သွားရေး အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ နှစ်နိုင်ငံမှ ကြည်းတပ် တပ်ဖွဲ့ဝင် များသည် ၂ဝဝ၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ Belgaum ဒေသ၌ "Hand-in-Hand"  ဟုအမည်ပေးထားသည့် သောင်းကျန်းသူ နှိမ်နင်းရေးနှင့်အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးစစ်ရေး လေ့ကျင့်ခန်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်