Sunday, June 24, 2012

ဂါဇာဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည် ၂ စင်း အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ကျရောက်ခဲ့ခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments


ဇွန်လ ၂၁ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည်၂စင်းသည် အစ္စရေးတောင်ပိုင်း Ashkelon ကမ်းရိုးတန်းဒေသတွင်းသို့ ကျရောက်ခဲ့ကြောင်းနှင့် အဆိုပါ
ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါပစ်ခတ် တိုက်ခိုက်မှုသည် အစ္စရေးနှင့်ဂါဇာကမ်းမြောင်ဒေသမှ ဟားမာ့စ်တို့အကြား ပဋိပက္ခဖြစ်နေစဉ် လတ်တလော ပေါ်ပေါက်လာခြင်းဖြစ်ပြီး ဒုံးပျံတစ်စင်းအား အစ္စရေးနိုင်ငံ၏ Iron Dome ဒုံးကျည်ပစ်ခတ်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ တရားဝင်တိုင်ကြားမှုပြုလုပ်ခဲ့ပါသည်။ အစ္စရေးပြည်သူ ၁ သန်းခန့်သည် ထိုကဲ့သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စိတ်သောကရောက်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာအစ္စရေးသံအမတ်ကြီး Ron Prosor  က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ တိုင်ကြားခဲ့ကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်