Sunday, June 24, 2012

ဆီးရီးယားအစိုးရသစ်ဖွဲ့စည်းရန် သမ္မတမှ အမိန့်ပေးခြင်း

Posted by drmyochit Sunday, June 24, 2012, under | No comments

ဆီးရီးယားအစိုးရအဖွဲ့သစ်တစ်ရပ်အား ဖွဲ့စည်းရန်အမိန့်တစ်ရပ်ကို ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆက်က ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်/သံက ထုတ်ပြန်ကြေညာခဲ့ပါသည်။  ၀န်ကြီးချုပ်သစ် Raid Hijab ၏ လက်အောက်တွင် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် ဇွန်လ ၂၃ ရက်နေ့က အမိန့် အမှတ် ၂၁၀ အား သမ္မတ အာဆက်က ထုတ်ပြန်ခဲ့ကြောင်း ရုပ်/သံဖော်ပြချက် တွင် ပါရှိပါသည်။ သို့သော် အရေးပါသောနိုင်ငံခြားရေးဝန်ကြီး Walid al-Muallem နှင့်အတူ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးများသည် ၎င်းတို့၏ ရာထူးဌာန၌  ဆက်လက်ကျန်ရှိနေမည်ဖြစ်ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်