Sunday, June 24, 2012

အမေရိကန် နှင့် ဂျပန်ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများသည် Osprey လေယာဉ်ပျက်ကျမှုများနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဟုဆို

Posted by drmyochit Sunday, June 24, 2012, under | No comments


အမေရိကန်ကာကွယ်ရေး          ဆိုင်ရာထိပ်တန်းတာဝန်ရှိသူများသည် MV-22 နှင့် CV-22 Osprey လေယာဉ်မူကွဲများ၏ လတ်တလောပျက်ကျမှုများနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့တွင်
ပင်တဂွန်၌အိုကီနာဝါစီရင်စုတာဝန်ရှိသူများ၏ စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာစေရန် အမေရိကန်နိုင်ငံ အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီး Mark Lippert သည် အသေးစိတ်ရှင်းလင်းမှုများပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင် MV-22 လေယာဉ်များ တပ်ဖြန့်ချထားရန် အစီအစဉ်ရေးဆွဲလျှက်ရှိပြီး၎င်းလေယာဉ်သည် တာဘိုဂျက်အင်ဂျင်၏ မြန်နှုန်းမြင့်မောင်းနှင် နိုင်ခြင်း၊ ရဟတ်ယာဉ်ကဲ့သို့ စစ်ကစားနိုင်ခြင်းနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၄ ဦး သယ်ဆောင်နိုင်ခြင်း စသည့်စွမ်းရည်များ ရှိပါသည်။ CV-22 Osprey သည် လေယာဉ်ကဲ့သို့ပျံသန်းနိုင်ပြီး ရဟတ်ယာဉ်တစ်စင်းကဲ့သို့ ဆင်းသက်နိုင်ပါသည်။ MV-22 လေယာဉ်တစ်စင်းသည် African Lion အမည်ရှိ နှစ်နိုင်ငံစစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်လေ့ကျင့်နေစဉ် မော်ရိုကိုနိုင်ငံအနောက်တောင်ပိုင်းတွင် ဧပြီလ ၂၂ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပြီး CV-22 လေယာဉ်တစ်စင်းသည် လေ့ကျင့်ပျံသန်းမှုတစ်ရပ်ပြုလုပ်နေစဉ် အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ဇွန်လ ၁၃ ရက်နေ့က ပျက်ကျခဲ့ခြင်းဖြစ်ပါသည်။ ဧပြီလအတွင်းက ဖြစ်ပွားခဲ့သည့် MV-22 လေယာဉ်ပျက်ကျမှုမှာ စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ကြောင်း အထောက်အထားပြနိုင်သည့် ကနဦးစုံစမ်းစစ်ဆေးမှုရလဒ်များကို အကျဉ်းချုပ်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်