Monday, September 30, 2013

ပါကစ္စတန်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံး

Posted by drmyochit Monday, September 30, 2013, under | No comments


တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး လူပေါင်း (၄၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပါကစ္စတန် နိုင်ငံ၊ ပက်ရှာဝါမြို့တွင် ကားဗုံးတစ်လုံး ပေါက်ကွဲရာ လူပေါင်း (၄၀)ကျော် သေဆုံးသွားကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က ပက်ရှာဝါရှိ လမ်းတစ်ခုပေါ်တွင် မော်တော်ကား တစ်စင်းအတွင်း ထောင်ထားသည့် ဗုံးကို အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲခဲ့ပြီး လူပေါင်း (၄၂)ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယင်းအခြေအနေသည် ပါကစ္စတန် အခြေစိုက် ဘာသာရေး အစွန်းရောက် စစ်သွေးကြွများနှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးရန် အစီအစဉ် ပျက်ပြားသွားစေရန် ပိုမိုကြီးမားသည့် ဖိအားမျိုးလည်း သက်ရောက်လာစေသည်။

ယခုတိုက်ခိုက်မှုသည် ပက်ရှာဝါတွင် တစ်ပတ်အတွင်း တတိယအကြိမ်မြောက် အကြမ်းဖက်မှုလည်း ဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း မြို့ထဲရှိ ဆေးရုံများတွင် လူနာများ မပြတ်လပ်သလောက်နီးပါး ဖြစ်လာကြောင်း ဒေသခံ သတင်းမီဒီယာများက ဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် ပက်ရှာဝါရှိ သမိုင်းဝင် နေရာတစ်ခုဖြစ်သော ပုံပြောသူများ ဈေးတန်းတွင် ပြင်းထန်စွာ ထိခိုက် ပျက်စီးသွားခဲ့သည်။ ထို့အပြင် အနီးရှိ နှစ်ထပ် အဆောက်အအုံတစ်လုံး ပြိုကျသွားသလို ဆိုင်ခန်းအများအပြား ထိခိုက်ခဲ့ရသည်။

မြို့၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူ တစ်ဦးက အနည်းဆုံး လူ(၁၀၇)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း Reutersသို့ ပြောကြားခဲ့သည်။ သေဆုံးသူများထဲတွင် အနီးရှိ ရွာငယ်တစ်ခုမှ ပက်ရှာဝါသို့ ရောက်ရှိလာကာ မင်္ဂလာပွဲ ကျင်းပရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူနေသည့် မိသားစုဝင် (၁၅)ဦးလည်း ပါဝင်ကြောင်း သိရသည်။ "ပေါက်ကွဲမှု အရှိန်က ပြင်းလွန်းတယ်။ နောက်တော့ ကားတွေပါ မီးလောင်ကုန်တယ်။ မီးခိုးလုံး မည်းမည်းကြီးတွေ ဖုံးသွားပြီး နေရာတိုင်းလည်း ဆူညံသွားတာပဲ။ နေရာတိုင်းမှာ လူတွေလဲနေပြီး သွေးတွေဖုံးနေတာကို ကျွန်တော်မြင်ခဲ့တယ်"ဟု စာအုပ်ဆိုင် ပိုင်ရှင်တစ်ဦးဖြစ်သည့် နာဇာအလီက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲချိန်တွင် ၎င်းသည် ဆိုင်ကို စတင်ဖွင့်လှစ်နေဆဲ ဖြစ်သည်။

သမိုင်းဝင် နေရာတစ်ခုဖြစ်သည့် ပုံပြောသူများ ဈေးတန်းသည် (၁၉၃၀)ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး အနိဋ္ဌာရုံ အတွေ့အကြုံတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဗြိတိသျှ အစိုးရ၏ စစ်သားများသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပစ်ခတ်ရာ ရာနှင့်ချီ သေဆုံးခဲ့ဖူးသည်။ ပက်ရှာဝါတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ခရစ်ယာန် ဘာသာဝင်များကို ဦးတည်သည့် အသေခံ ဗုံးခွဲမှုသမား နှစ်ဦးကြောင့် လူ(၈၂)ဦး သေဆုံးခဲ့သည်။ ထို့အပြင် သောကြာနေ့ကလည်း ယင်းမြို့အတွင်းရှိ အစိုးရ အမှုထမ်း ဖယ်ရီတစ်စင်းကို ဗုံးထောင်တိုက်ခိုက်မှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့သေးကြောင်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်