Monday, September 30, 2013

မယ်ကမ္ဘာသရဖူကို အမေရိကန်ဖွား ဖိလစ်ပိုင်အလှမယ် မီဂန်ယန်း ဆွတ်ခူး

Posted by drmyochit Monday, September 30, 2013, under | No comments


အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ်ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။

(၂၀၁၃)ခုနှစ်အတွက် မယ်ကမ္ဘာ ဆုပေးပွဲ အခမ်းအနားတွင် ဖိလစ်ပိုင် ကိုယ်စားပြု မီဂန်ယန်းက အလှ သရဖူ ဆုကို ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ အမေရိကန်ဖွား မီဂန်သည် ပြိုင်ဘက် (၁၂၆)ဦးကို ကျော်ဖြတ် ကာ အင်ဒိုနီးရှားတွင် ကျင်းပသည့် ပြိုင်ပွဲ၌ မယ်ကမ္ဘာအဖြစ် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ဘာ သာရေး အဖွဲ့အစည်းများ၏ ကန့်ကွက်မှုကြောင့် ဘီကနီဖြင့် ကိုယ်ဟန်ပြသည့် အစီအစဉ်ကို ဖယ်ရှား ခဲ့ရသလို ဂျကာတာတွင် ကျင်းပရန် ရည်ရွယ်ချက်အား ပယ်ဖျက်ကာ ဘာလီတွင် ကျင်းပခဲ့ရသည့် မယ် ကမ္ဘာပြိုင်ပွဲ နောက်ဆုံးအဆင့်သည် အောင်မြင်ချောမွေ့စွာပင် ပြီးစီးခဲ့သည်။ အသက်(၂၃)နှစ်ရှိ မီဂန်သည် မော်ဒယ်လ်နှင့် မင်းသမီး တစ်ဦးအနေဖြင့်ပါ ရပ်တည်နေသူ ဖြစ်သည်။

စနေနေ့က လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ပြုလုပ်ခဲ့ရသော ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် မီဂန်က "ကျွန်မ အနေနဲ့ အများ အကျိုးအတွက် လုပ်နိုင်စွမ်း ရှိသလောက် လုပ်ဆောင်ပါမယ်။ ကျွန်မ သင်ယူထားသမျှ၊ ကျွန်မ သိရှိ ထားသမျှကို လူသားတွေ အသိအမြင် ပိုပွင့်လင်းလာအောင် ဝေမျှချင်ပါတယ်"ဟု ပြောကြားခဲ့သည်။ သူမနောက်တွင် ပြင်သစ်အလှမယ် မာရီနီ လော်ဖီလင်က ဒုတိယရခဲ့ပြီး ဂါနာကိုယ်စားပြု အလှမယ် ကာရန်ဇာနားအိုကိုင်လီက တတိယ ချိတ်ခဲ့သည်။ မီဂန်သည် အသက်(၁၀)နှစ် အရွယ်ကတည်းက ဖိလစ်ပိုင်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သူဖြစ်ပြီး (၂၀၁၂)ခုနှစ်၊ မယ်ကမ္ဘာဆုရ တရုတ်အလှမယ် ဝမ်ဇီယာယူက သူမကို ဆုချီးမြှင့်ခဲ့သည်။ မယ်ကမ္ဘာ နောက်ဆုံးအဆင့် ရွေးချယ်မှု ပြိုင်ပွဲကို နိုင်ငံပေါင်း (၁၈၀)ကျော်တွင် ထုတ်လွှင့် ပြသခဲ့သည်။ အဆိုပါ ပြိုင်ပွဲ မကျင်းပမီ ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက တားဆီးနှိမ်နင်းရန် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး သံချပ်ကာယာဉ်များပေါ်တွင် ရေအမြောက်များတင်ကာ ရဲတပ်ဖွဲ့ဝန်များက အသင့်အနေအထား ပြင်ဆင်ထားခဲ့ကြောင်းလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်