Thursday, November 22, 2012

အိုအိုင်စီ နဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ခိုးဝင်ဘင်္ဂါလီအရေး လာရောက်လည်ပတ် စွက်ဖက် ဆွေးနွေးမယ်

Posted by drmyochit Thursday, November 22, 2012, under | No comments


ရခိုင်ပြည်တွင်းမှာ ရောက်နေကြတဲ့ ဘင်္ဂါလီတွေ အရေးကို လာရောက်လည်ပတ် ဆွေးနွေးဖို့ အိုအိုင်စီ (Organization of Islamic Coperation) အဖွဲ့က စီစဉ်နေတယ် လို့ မလေးရှား အစိုးရပိုင် ဘာနားမား သတင်းဌာနရဲ့ သတင်းတစ်ပုဒ် မှာရေးသားထား ပါတယ်။ အိုအိုင်စီရဲ့ အဆိုအရ အဲသလိုဆွေးနွေး ဖို့လာမယ့်အဖွဲ့ကို အိုအင်စီရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu က ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံအချို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း အတူလိုက်ပါလာမယ် လို့ဆိုပါတယ်။
အဲသည်နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီဆူပူမှုကြောင့် ထိခိုက်ခံစားရ သူတွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပိုင်းအရ ဘာတွေလိုအပ်နေ သလဲဆိုတာကို သုံးသပ်လေ့လာမှု ပြုလုပ်သွားမှာဖြစ်ပြီး၊ အကူအညီ ပေးရေး ဆိုင်ရာ စီမံချက်တစ်ခုကို မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းရေး ဆွဲသွားမယ်လို့ အဖွဲ့ဝင် ၅၇-နိုင်ငံပါ အိုအိုင်စီရဲ့ ထုတ်ပြန်ကြေငြာ ချက်တစ်ခုမှာ ဖော်ပြထားတယ်။
ဒီအလည်အပတ် ခရီးစဉ်ဟာ ဒဂျီဘိုတီနိုင်ငံ (Djibouti)မှာ ကျင်းပသွားခဲ့တဲ့ အိုအိုင်စီ နိုင်ငံခြားရေး ၀န်ကြီးများ ကောင်စီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ စီစဉ်နေကြ တာဖြစ်တယ်။ ကျင်းပပြီးစီးခဲ့တဲ့ (၃၉) ကြိမ်မြောက် အိုအိုင်စီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မှာ သူတို့သုံးတဲ့ အသုံးအနှုန်းအတိုင်း အတိအကျ ဘာသာပြန်ရမယ်ဆိုရင် “ရိုဟင်ဂျာ မူဆလင်တွေကို တိုင်းရင်းသားနဲ့ နိုင်ငံသားအခွင့်အရေးတွေ ပြန်လည် အပ်နှင်းပေးနိုင်ဖို့ (restoration of the Rohingya Muslims' nationality and citizenship
rights)” အရေးကို ပိုမိုအားတိုက် ဖိအားပေးလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ် လို့ ဆိုပါ တယ်။
အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်ကို အလည်အပတ်မ၀င်သွားခင် နိုဝင်ဘာ (၁၆) ရက်နေ့က မြန်မာနိုင်ငံအကြီးအကဲ သမ္မတ ဦးသိန်းစိန်ဟာ ဆရာတော်အချို့နဲ့ မူဆလင်ခေါင်းဆောင်အချို့ကို တွေးနွေးတင်ပြတဲ့ စကားတွေထဲမှာ လေသံတော်တော် ပြောင်းနေတာကို တွေ့ရပြီး၊ “တန်းတူရည်တူ” အစရှိတဲ့ စကားလုံးတွေကို သုံးနှုန်းထားတဲ့အပြင် ယူအန်ကထုတ်တဲ့ Rakhine Response Plan ပါ ကိန်းဂဏန်း အချို့ ရှုထောင့်အချို့ကို ယူငင်သုံးစွဲ ပြောဆိုခဲ့တာကို တွေ့ရတဲ့အတွက်၊  နိုင်ငံတကာမှာ မျက်နှာရဖို့ လိုလားနေပုံ ပေါက်တဲ့အတွက်၊ နောက်ထပ် ရခိုင်တွေ သွေးမြေကျနိုင်တဲ့ အလားအလာ ရှိနိုင်တယ်လို့ ဒေသခံ အကဲခတ်တချို့က Coral Arakan ကို ပြောနေကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်