Thursday, November 22, 2012

KIA မှ ဒုက္ခိတမြို့တော် တည်ထောင်နေခြင်း

Posted by drmyochit Thursday, November 22, 2012, under | No comments


  ကချင်ပြည်နယ်ရဲ့ စီးပွားရေးအချက် အခြာကျတဲ့ ရတနာမြေ ဖားကန့်ဒေသဟာ စစ်တပ်နဲ့ KIA ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ ဇွန်လနောက်ပိုင်းကာလတွေဟာ အခြားနယ် မြေများလို တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိဘဲ မသိမသာတည်ငြိမ် နေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းမှာ KIA အဖွဲ့များ အင်အားပြ ထိုး ဖောက်မှုများ စတင်ခဲ့ပြီး စစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ စစ်တပ်သွားလာနိုင်တဲ့ လမ်းကြောင်းမှန်သမျှ ရွာတွင်း၊ ရွာပြင်မရှောင် KIA ရင်း(၆)မှ မြေမြှုတ်မိုင်းများ   မြောက်များစွာ ထောင် ခဲ့ကြာင်း သိရှိရပါတယ်။
          နောက်ပိုင်းကာလတွေမှာ KIA အနေနဲ့ ထောင်ထားတဲ့ မိုင်းတွေကို ပြန်လည်ဖော်ယူမှုမရှိဘဲ ဒီအတိုင်း ထားခဲ့လို့ စစ်တပ်ရော၊ အရပ်သားရော၊ တိရိစ္ဆာန်ရော မကြာခဏ မိုင်းနင်း ခြေပြတ် လက်ပြတ် ဒဏ်ရာရတာ တွေရှိပြီး ဖားကန့်ဆေးရုံမှာ ကုသလို့မနိုင်လောက်အောင် များပြားနေကြောင်း သိရှိရပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ်၊   မှော်ဝမ်းရပ်ကွက် မှာနေတဲ့   မောင်ဇော်ဆန်း အောင်၊ ၂၂ နှစ်ဟာ   ရေမဆေးကျောက်ရှာရင်းနဲ့ မှော်မောင်းလျှံရွာရဲ့ မြောက်ဘက် လမ်းနံဘေးမှာ KIA ထောင် ထားတဲ့ မြေမြုတ်မိုင်းတစ်လုံးနင်းမိလို့ တစ်ကိုယ်လုံး မိုင်းစထိမှန်ပြီး ဖားကန့် ပြည်သူ့ဆေးရုံမှာ တက်ရောက်ကု သလျက်ရှိကြောင်း၊ ဖားကန့်ဆေးရုံမှ သူနာပြုတစ်ဦးက   ပြောပြခဲ့ ပါတယ်။ ဖားကန့်ဒေသမှာ အဆက်မပြတ် မိုင်းတွေကွဲပြီး ပြည်သူလူထု မိုင်းတွေနင်း၊   ခြေပြတ်လက်ပြတ်၊ မျက်စိကန်း၊ အကြောသေနဲ့ ဒုက္ခိတဘ၀ ရောက်သွားသူ တစ်ဖြည်းဖြည်းနဲ့ များလာနေပြီး KIA မှ ဖားကန့်မြို့ကို ဒုက္ခိတမြို့ တော်ဖြစ်အောင် လုပ်နေတာ ဖြစ်ကြောင်း မြို့ခံတစ်ဦးက   ပြောပြလာပါတယ်။
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်