Thursday, November 22, 2012

မွန်ဘိုင်းမြို့  တိုက်ခိုက်သူကို ကွပ်မျက်

Posted by drmyochit Thursday, November 22, 2012, under | No comments


အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ကို ပြီးခဲ့တဲ့ ၄ နှစ်က ဝင်ရောက် တိုက်ခိုက် ခဲ့တဲ့ စစ်သွေးကြွ တွေထဲက တဦးတည်း အသက်ရှင် ကျန်ရစ်သူ အာ(ချ)မာ ကာဆတ်ကို ကြိုးပေး ကွပ်မျက် လိုက်ပြီ ဖြစ်ပါတယ်။
ပါကစ္စတန် နိုင်ငံသား ဖြစ်တဲ့ အာ(ချ)မာ ကာဆတ်ဟာ ဟာ တခြား သေနတ်သမား ၉ ဦးနဲ့ အတူ မွန်ဘိုင်းမြို့လယ် တဝိုက်ကို ၂၀ဝ၈ ခုနှစ်က အကြမ်းဖက် တိုက်ခိုက် သိမ်းယူခဲ့ပြီး ၃ ရက်ကြာ ထိန်းချုပ် ထားခဲ့တာဖြစ်ပါတယ်။ အဲဒီလို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၆၆ ဦး သေဆုံး သွားခဲ့ရ ပါတယ်။အာ(ချ)မာ အာဆတ်ကို ကွပ်မျက် လိုက်တဲ့ အကျဉ်းထောင် အပြင်ဘက်မှာ လူတွေဟာ အောင်ပွဲခံနေ ကြပါတယ်။ အခုလို ကြိုးပေး ကွပ်မျက် လိုက်ပြီ ဆိုတာကို ပါကစ္စတန် နိုင်ငံကို အကြောင်းကြား လိုက်ပြီ ဖြစ်တယ် လို့လည်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ အိန္ဒိယ အစိုးရ အနေနဲ့ အခုလို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ လူထုရဲ့ ဖိအား ပေးမှုတွေနဲ့ ရင်ဆိုင် နေခဲ့ရတာ ဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။ ဒါပေမယ့် အခုလို အလျင် အမြန် ကွပ်မျက် လိုက်တဲ့ အပေါ် အများက အံ့သြနေကြပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်