နှလုံးခုန်နှုန်းထိန်းညှိစက်
ဒုတိယအကြိမ် အသစ်ထပ်မံ လဲထားရသော သမ္မတဦးသိန်းစိန်သည် အဆိုပါ စက်ကောင်းနေသမျှ ဘာမှ
မဖြစ်ဘူးဟု ပြောရမည်ဖြစ်ပြီး စက်ပေါ်တွင်သာ မူတည်ကြောင်း ၄င်းက နိုဝင်ဘာလ ၂၁ ရက်နေ့
နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ကမ္ဘောဒီးယားနားဟိုတယ်တွင်
ပြုလုပ်သော ဖနွမ်းပင်ရောက် မြန်မာသတင်း စာဆရာများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားသည်။
“ဒီစက် ပထမထည့်ထားတယ်။ သက်တမ်းအတော်လေး ကြာလာတော့ ဒုတိယအကြိမ် စက်တစ်လုံး လဲပေးလိုက်ပါတယ်။ အခုထည့်ထားတဲ့ စက်ကတော့ ပိုပြီးတော့ နေလို့ထိုင်လို့ ကောင်းတယ်။ ဒီစက်ကောင်းနေတုန်း run လုပ်နေသမျှ ကာလပတ်လုံး ဘာမှမဖြစ်ပါဘူး” ဟု ဦးသိန်းစိန်က ၄င်း၏ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ကာ ရှင်းပြသည်။

Myanmar Express
Time in Rangoon

0 comments:
Post a Comment