Thursday, November 22, 2012

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ်နည်းပညာအသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့တွင် လိုအပ်ချက်များစွာရှိနေသည်ဟု ရဲချုပ်ပြောကြား

Posted by drmyochit Thursday, November 22, 2012, under | No comments


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အီလက်ထရောနစ် နည်းပညာ အသုံးပြုမှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပြင် အခြားကဏ္ဍ များတွင်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ အနေဖြင့် ဘက်ပေါင်းစုံတွင် လိုအပ်ချက်များစွာ ရှိနေသဖြင့် အချို့ကဏ္ဍများကို အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုနှစ်ပိုင်းတွင်လည်း အာရှ နိုင်ငံများတွင် နိုင်ငံတကာမှ ရဲတပ်ဖွဲ့ဝင်များကို သင်ကြားပေးနေသည့် သင်တန်းအချို့သို့လည်း စေလွှတ်သွားမည်ဖြစ်ကြောင်း ရဲချုပ်ထံမှ သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက '' ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုအပ်ချက်တွေ အများကြီးရှိနေပါတယ်။ နည်းပညာပိုင်းတွေ၊လေ့ကျင့်ရေးအပိုင်းတွေ၊ သယ်ယူပို့ဆောင်ရေးအပိုင်းတွေ၊ ဆက်သွယ်ရေး အပိုင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသုံးအဆောင် ပစ္စည်းအပိုင်းတွေ အားလုံးမှာ လိုအပ်မှုတွေရှိနေပါတယ်။ တချို့ကဏ္ဍတွေကို ဖြည့်ဆည်းဖို့ အတွက်ဆောင်ရွက် နေပါပြီ။ ဘာတွေလုပ်ဆောင် ရမယ်ဆိုတာကို သိပြီးသားပါ။ ဒါပေမဲ့ ငွေကြေးအခက် အခဲတွေကြောင့် လိုအပ်တဲ့ ကဏ္ဍတွေ အားလုံးကို လုပ်ဆောင်ဖို့ အခက်အခဲရှိပါတယ်။ အိုဘားမားခရီးစဉ်တုန်းက ဆက်သွယ်ရေးကဏ္ဍတွေနဲ့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွေမှာ အခက်အခဲတချို့ တွေရှိခဲ့ပါတယ်'' ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မြို့နယ်ရဲစခန်းပေါင်း ၃၃၀ ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၁၀၀၀၀ ၀န်းကျင် ရှိကြောင်းလည်း ရဲချုပ်ထံမှ သိရှိရပါသည်။ ရဲချုပ်ကျော်ကျော်ထွန်းက ''မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေနဲ့ ရဲတပ်ဖွဲ့အင်အားက အချိုးအစားမျှ တမှုမရှိတာက အရေးမကြီးဘူး။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင် တွေအနေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ အဓိကနည်း ပညာလိုအပ်ချက်တွေ ရှိနေတာကတော့ အရေးကြီးပါတယ်။ အခုရဲတပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံမှာရှိတဲ့ ရဲတပ်ဖွဲ့ သင်တန်းကျောင်းတစ်ခုကို သွားရောက်သင်ကြားဖို့ စီစဉ်နေပါတယ်။ အဲဒီ သင်တန်းကျောင်းက ၁၉၈၈ ခုနှစ်ကစပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို သင်ကြားခွင့်ပိတ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ ချိတ်ဆက်ပြီးတော့ သင်တန်းတွေတက်ရောက်သွားဖို့ အစီအစဉ်ရှိပါတယ်'' ဟုလည်းဆက်လက်ပြော ကြားခဲ့ပါသည်။

 
 Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်