Thursday, November 22, 2012

ရိုဟင်ဂျာကို လက်မခံဟု နယ်စပ်ရေးရာ ဝန်ကြီးဆို

Posted by drmyochit Thursday, November 22, 2012, under | No comments


ရိုဟင်ဂျာ အခေါ်အဝေါ်နှင့်ရိုဟင်ဂျာ တိုင်းရင်းသား ဆိုသည့် အသုံး အနှုန်း ကို ပြည်ထောင်စု အစိုးရ က လက်ခံမည်  မဟုတ်ကြောင်း နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာ များကို ယနေ့ ပြောကြားသည်။
ယနေ့ည ၅နာရီ ၃၀ မိနစ် ခန့်က ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် တွင် ကျင်းပသော ရခိုင်ပြည် နယ် အရေး ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ချက် များကို ပြန်လည် သုံးသပ်ချက် ထုတ်ပြန်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“ပြည်ထောင်စု အစိုးရ အနေနဲ့ရော ရှေးအစိုးရ အဆက်ဆက် ကရော ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကိုသော် လည်းကောင်း တိုင်းရင်းသား ဆိုတဲ့ အချက်ကို သော်လည်းကောင်း လက်ခံထားခြင်း မရှိခဲ့ပါဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက်နေ့ က သမိုင်းဝင် ခရီးအဖြစ် လာရောက် ခဲ့သော အမေရိကန် သမ္မတ ဘားရက်အိုဘားမား ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ရိုဟင်ဂျာ အခေါ်အဝေါ်ကို သုံးစွဲခဲ့သည်။ ရခိုင်ပြည်နယ်ရှိ ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုးများကို နိုင်ငံသား ဟုတ် မဟုတ် စိစစ်ရာတွင် ဘင်္ဂါလီလူမျိုး နေရာ၌ ရိုဟင်ဂျာ ဟု ပြောင်းလဲ မသုံးစွဲပါက လက်မှတ် မထိုးသူ ရာဂဏန်း ရှိကြောင်း ဦးသိန်းဌေးက ထပ်မံ ပြောကြားသည်။
ရခိုင်ပြည်နယ်၌ နိုင်ငံသား စိစစ်မှုများ ပြုလုပ်ရာတွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနမှ အရာရှိ များ သာမက သက်ဆိုင် ဌာန ဆိုင်ရာမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ လူ့ အဖွဲ့အစည်း နှစ်ခုလုံးက ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ ပါဝင်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်