နေပြည်တော်၊ ဒီဇင်ဘာ ၁၈
၁၇-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် ပဲခူးတိုင်းဒေသကြီး ရန်ကုန်-ပြည် ကားလမ်း မိုင်တိုင် အမှတ်(၁၇၉/ ၂) နှင့်(၁၇၉/၃)ကြား ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မြ၀တီဓါတ်ဆီဆိုင်အနီးတွင် ရန်ကုန်မှ ပြည်သို့ ရွှေတောင် မြို့နယ်၊ မယားမံရွာနေ ဖြိုးသက်အောင်(၁၉)နှစ် မောင်းနှင်ပြီး တစ်မြို့တည်းနေသူများ ဖြစ်သည့် မမေ သော်တာထက်(၁၉)နှစ်ပါ (၂)ဦးတို့ နောက်ထိုင် လိုက်ပါလာသော ဆိုင်ကယ်နှင့် ပြည်မှ ရန်ကုန်သို့ ရွှေတောင် မြို့နေ ဦးဌေးညွန့်(၅၉)နှစ် မောင်းနှင်လာသည့် (၃)ဘီး ဆိုင်ကယ်တို့ အရှိန်မထိန်း နိုင်ဘဲ မျက် နှာချင်း ဆိုင် တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဖြိုးသက်အောင်ပါ (၃)ဦးမှာ ပွန်းပဲ့ဒဏ်ရာများရရှိ၍ ၀၈၀၀ အချိန် ပြည်မြို့ ဆေးရုံကြီး သို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း သိရသည်။ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖြိုးသက်အောင်နှင့် ဦးဌေး ညွန့်တို့အား ပြည်အမှတ်(၂)ရဲစခန်း (ပ)၆၄၃/၂၀၁၂၊ ပြစ်မှုပုဒ်မ၃၃၇/၃၃၈ဖြင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
Time in Rangoon


0 comments:
Post a Comment