Wednesday, December 19, 2012

မြန်မာ့တပ်မတော်၏ ကချင်စစ်ရေးအတွက် ပြင်ဆင်လုပ်ဆောင်မှုများ ကေအိုင်အေ ဖော်ပြ

Posted by drmyochit Wednesday, December 19, 2012, under | No comments


မြန်မာ အစိုးရတပ် အထူးစစ်ရေး လေ့ကျင့်နေ
==========================
ဗန်းမော်မြို့သို့ သင်္ဘော(၂)စီးဖြင့် ရောက်ရှိလာသောမြန်မာအစိုးရတပ်ဖွဲ့တို့သည် ဗန်းမော်မြို့အခြေစိုက် ခလရ(၂၃၆)တပ်ဝင်းထဲတွင် တိုက်ပွဲဝင်ရန် ပစ်ခတ်တိုက်ခိုက်မှုကို အထူးလေ့ကျင့်နေကြောင်း သိရှိရသည်။
 ဒေသခံများပြောဆိုချက်အရ ပြည်မ ရှိ စစ်တိုင်းဌာချုပ် တိုင်းမှ ထုတ်နုတ်ထားသော အထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရှိရသည်။



တပ်အင်အားတိုးမြှင့် ပို့ဆောင်
====================
ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ဗန်းမော်မြို့မှ စစ်ယာဉ်(၁၂)စီးဖြင့် အင်အား (၃၀၀)ခန့် (တပ်မ ၉၉ လက်အောက်ခံတပ်ဖွဲ့ဟု ခန့်မှန်း) သည်ကျောက်စခန်း(Hka Wan Bang)သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းစစ်ကြောင်းသည် KIA တပ်မဟာ(၃)ဒေသအတွင်း စစ်ဆင်ေ ရးပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁)တပ်စခန်းသို့ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် လက် နက် ၊ရိက္ခာ နှင့် တပ်ဖွဲ့ဝင်အပြည့် တင်ဆောင်ထားသော စစ်ယာဉ်(၃)စီး ရောက်ရှိကြောင်း သိရှိရသည်။ ယင်းမှေ န၍ ဆမား၊ နာဖေါ့၊ ပါဂျိုဒေသသို့ စစ်ဆင်ရေး ပြုလုပ်လေ့ရှိသည်။

ထိုးစစ်အတွက် ပြင်ဆင်
--------------------------
ဒီဇင်ဘာလ(၁၈)ရက်နေ့မနက်(၁၀)နာရီမှမွန်းလွဲ(၂)နာရီကြား မြစ်ကြီးနား(၅၀၃)နန့်ပေါင်လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်ဖြင့် စကခ(၃)နည်းဗျူဟာ အခြေပြုသော လောရင်းရာဘာခြံသို့ လက်နက်၊ စားနပ်ရိက္ခာ တို့ကို (၈)ကြိမ် လာရောက်ပို့ဆောင်ပေးခဲ့သည်။ အပြန်တွင် စကခ(၃)မှ ဒဏ်ရာရတပ်ဖွဲ့ဝင် များကို သယ်ေ ဆာင် သွား ခဲ့ကြောင်း သိရှိရသည်။မွန်းလွဲ(၃)နာရီမှ (၅)နာရီအတွင်းတွင် ယင်းရာဘာခြံသို့ ရဟတ် ယာဉ် (၃) စီးဖြင့် တပ်ဖွဲ့များကို ထပ်မံပို့ဆောင် ပေးခဲ့သည်။

လောရင်းရာဘာခြံတွင် အခြေချထားသော စကခ(၃)နည်းဗျူဟာသည် KIA ဗဟိုဌာနချုပ် ကို ထိုးစစ် ဆင်ရန် အဓိကတာဝန်ယူရသော စစ်စခန်းဖြစ်သည်။ဒီ-၁၄ စစ်ဆင်ရေးစီမံချက်ကိုလည်း ယင်းဗျူဟာစခန်း မှ အနီးကပ် ညွှန်ကြားခဲ့သည်။ လဂျားယန်ဘက်သို့ စစ်ဆင်ရေး ထပ်မံဆောင်ရွက်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။


(source-MKN)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်