စကော့တလန် နိုင်ငံမှာ ကျင်းပနေတဲ့ ဓနသဟာယ ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင် နေတဲ့ သြစတြေးလျ အမျိုးသမီး ဟော်ကီ အသင်းက ကစားသမား နှစ်ဦးရဲ့ Selfie ဓာတ်ပုံဟာ မထင်မှတ်ပဲ လူမှု ကွန်ယက်တွေ ပေါ်မှာ ထင်ပေါ် ကျော်ကြား သွားခဲ့ ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ မလေးရှား အသင်းကို သြစတြေးလျ အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိ ခဲ့တဲ့ အမျိုးသမီး ဟော်ကီပွဲ အပြီးမှာ သြစတြေးလျ ဟော်ကီမယ် နှစ်ယောက် ဟာ ဂိုးပေါက် ရှေ့မှာ selfie ဓာတ်ပုံ ရိုက်ကူးခဲ့ ကြရာမှာ ဂိုးတိုင် နောက်ဖက်မှာ ရှိနေတဲ့ ဗြိတိန် ဘုရင်မကြီး အဲလီဇဘက် ၂ က ကင်မရာဖက်ကို ကြည့်ပြီး ပြုံးပြ နေတာ ပါလာ ခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံထဲမှာ ပါတဲ့ ကစားသမား ဂျိတ်တေလာက “ငါတို့ရဲ့ selfie ပုံမှာ ဘုရင်မကြီး ပါတယ်”လို့ ရေးသားပြီး တွစ်တာပေါ်မှာ တင်လိုက်တဲ့ နောက်မှာပဲ ဖြန့်ဝေ သူတွေ၊ ကြိုက်နှစ်သက် သူတွေနဲ့ ပလူပျံ သွားခဲ့ ပါတယ်။
ဓာတ်ပုံကို တင်လိုက်ပြီး ငါးနာရီလောက် မှာပဲ ပြန်ပြောသူ(retweet)ပေါင်း ငါးထောင် နီးပါး ရှိခဲ့သလို ကြိုက်နှစ်သက်ခဲ့ သူကလည်း လေးထောင်ကျော် ရှိခဲ့ပါတယ်။ “ကျွန်မတို့ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ ကြတာပါ။ သူ အဲဒီတံခါးက ထွက်လာ တာနဲ့ ကွက်တိ ချိန်ပြီး ကျွန်မတို့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားခဲ့ ကြတာ ဖြစ်ပြီး တကယ် ရိုက်တဲ့ အချိန်မှာ သူ ကျွန်မတို့ နောက်မှာ ရှိနေပြီး ကင်မရာကို ပြုံးပြ ခဲ့တာပါ”လို့ တေလာက နောက်ပိုင်းမှာ ပြန်ပြောပြ ခဲ့ပါတယ်။ အခု အချိန်မှာ အဲဒီ သတင်းကို မီဒီယာ တော်တော် များများက ဖော်ပြခဲ့ ကြပြီး ရေပန်းစားတဲ့ selfie ဓာတ်ပုံ တစ်ပုံလို့ ဖော်ကျူး နေကြ ပါတယ်။
Ref: BBC
Mizzima
Time in Rangoon


0 comments:
Post a Comment