Sunday, October 07, 2012

ဗုဒ္ဓဘာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲ ပြသမည်

Posted by drmyochit Sunday, October 07, 2012, under | No comments


From :  ကြေးမုံ



ရွှေတိဂုံစေတီတော်ရင်ပြင်၏ ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ နိုဝင်ဘာ ၃ ရက် မှ ၁၈ ရက်အထိ မြန်မာ-ဂျပန် နှစ်နိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲကို (ဒုတိယအကြိမ်) ပြသမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံမှ ဓာတ်ပုံပညာရှင် ဆာကိရာစံနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် ဦးသန်းဇော်တို့က ပူးပေါင်းပြသခြင်းဖြစ်ပြီး ပထမအကြိမ်ပြပွဲကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ကြောင်း သိရသည်။ ဂျပန်ဓာတ်ပုံ ပညာရှင်သည် အရှေ့တောင်အာရှ နိုင်ငံများမှ ထင်ရှားသည့် ဘုရားကျောင်းကန်များ၊ အထင်ကရ ရုပ်တုများ၊ ဘုန်းတော်ကြီး ဓာတ်ပုံများနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင်ကလည်း မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဓာတ်ပုံ များဖြင့် စုစုပေါင်း ဓာတ်ပုံ ၁၀၀ ကျော် ပြသမည်ဖြစ်သည်။ ဓာတ်ပုံပညာကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း  သိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်