Sunday, October 07, 2012

"ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်"

Posted by drmyochit Sunday, October 07, 2012, under | No comments



`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင် ကယ် စီးယောကျား တစ်ဦး မှအောက်တိုဘာ၎ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရ သည်။
မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့်သူငယ် ချင်းဖြစ်သူ အောင်စေတနာရပ် ဟိုက်ကလပ်ကဖီး အနီးနေ အဘဦးခင်မောင်သန်း ၏ သမီး မခိုင်ရွှေရည်ဦး တို့(၂)ဦး သည် ငွေကျပ်(၁၅)သိန်းကို ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး စူပါကပ် မော်တာ ဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန်လာခဲ့ရာပြည်တော်သာ လမ်းနှင့်သစ္စာလမ်းထောင့် အနီးတွင် ဆိုင်ကယ်စီးယောကျားတစ်ဦးက ညာဘက်ခြမ်းမှ ကပ်ပြီး `ရန်ကင်း ဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာဆိုင်
ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသောငွေထုတ်ကို နှိုက်ကာထွက်ပြေး သွားကြောင်း သိရ သည်။ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာအော်ဟစ်အ ကူညီတောင်းလိုက်သော်လည်း မမှီခဲ့ကြောင်းဗိုလ်ချုပ်လမ်းမအရောက်တွင်ယာဉ်ထိမ်းရဲမှကျော်လွန်သွား သောဆိုင်ကယ်စီးသူ၏ဦးထုပ် အရောင်အား အမှတ်အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့ စက်ဖြင့် အကြောင်းကြား ပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်ထားခဲ့ခြင်း ၊အပေါ် အင်္ကျီချွတ်ထားခဲ့ခြင်း များပြု၍ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးများ ဘက်သို့ချိုးကွေ့ လွတ်မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိရှိရသည်။
အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁)ရဲစခန်းတွင် ပ/၂၄၀/၁၂ ပုဒ်မ(၃၈၂)ဖြင့် အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက်ရှိ ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်