Sunday, October 07, 2012

KIA ကဆရာကြီး မဂျီလဆိုင်း ကျွဲတွေကိုဖမ်းဆီးပြီး တရုတ်သို့ ကိုယ်တိုင်သွားရောင်းစား

Posted by drmyochit Sunday, October 07, 2012, under | No comments



အောက်တိုဘာလ (၄) ရက်တွင် KIA တပ်မဟာ(၃)၀န်ဂေါဘွမ်မှာရှိနေတဲ့တပ်ရင်းမှ ဆရာကြီး မဂျီလဆိုင်း သည် တစ်ဖက်တရုတ်ပြည်သို့ ကျွဲမှောင်ခို ကုန်ကူးလာသော လထော်ထံမှကျွဲအကောင်(၃၀)အား  မန်စီမြို့နယ် ၊ဂျာမိုင်ရွာနားမှာ ဖမ်းဆီးပြီး တောလမ်းအတိုင်း တရုတ်နိုင်ငံထဲမှာ ကိုယ်တိုင် သွားရောင်းခဲ့ တယ်လို့ သိရ ပါတယ်။ ဆရာကြီး မဂျီလဆိုင်းနှင့်အတူ KIA တပ်သား လေးယောက်ပါလာပြီး ဖမ်းစဉ်တွင် KIA ၀တ်စုံများ ၀တ်ထားကြောင်းနှင့် ဂျာမိုင်ရွာ နားက တောလမ်းမှာ စောင့်နေပြီးဖမ်းသွားတာဖြစ်ကြောင်း သိရပါတယ်။

“ ဒီကောင်လွန်လွန်းတယ်ဗျာ ဖမ်းတယ်ဆိုလည်း သိမ်းပြီးတပ်ရင်းကိုအပ်ပေါ့ ၊ ခုတော့မဟုတ်ဘူး ဖမ်းပြီး သူ့ဟာသူ သွားရောင်းစားပြီး သူ့လူတွေနဲ့ခွဲယူတာ ၊ ဟိုဘက်က ကုန်သည်တွေကိုမေးပြီးပြီ သူတို့ညနေပိုင်း လာရောင်းသွားတယ်တဲ့။ (၆၃) ကောင် ပါတယ်တဲ့။ ဒီက (၃၀) ဆိုတော့ နောက်ဘယ်သူ့ ဆီက ဓါးပြတိုက် သွားသေးလဲ မသိဘူး၊ ဒီကောင် မဂျီလဆိုင်းက ဘိန်းသမား KIA ထဲမရောက်ခင်တုန်းကလဲ  မူးရူးသောက် စားနေတဲ့ကောင၊် ရွာချဉ်ဘက်။ လောင်းကစားသမား ။ ဒီကောင့်ကို တပ်ရင်းကခိုင်းတာ မဟုတ်ဘူး တပ်ရင်း ကခိုင်းရင် ငွေပဲကောက်ခိုင်းတာ အရင်အခေါက်တွေတုန်းက တပ်ရင်းက ဗိုလ်ကြီးတွေ စောင့်ပြီးကောက်တာ အဲဒါမျိုးဆိုရင် ကျွဲတစ်ကောင်ကို ငွေ ၂၀၀၀ ပေးရင်ရတယ်”  ဟု ကျွဲအသိမ်းခံရသူ လထော်ကပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်