Monday, August 12, 2013

သားအိမ်ကင်ဆာကို ခွေးဖြင့် အနံ့ခံခိုင်းပြီး သိနိုင်ဟုဆို

Posted by drmyochit Monday, August 12, 2013, under | No comments



အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည့် သားအိမ် ကင်ဆာကို ခွေးများ အား လေ့ကျင့်ပေးပြီး အနံ့ခံ ခိုင်း ရုံဖြင့် သိရှိနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယား သုတေသီများက လက်တွေ့ ပြသခဲ့ သည်။

လူနာများ လှူဒါန်းသည့် သွေးနှင့် တစ်သျှူး နမူနာများကို အသုံးပြုပြီး ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ရှိ ခွေး သုတေ သန ဌာနသည် ခွေး သုံးကောင်ကို အနံ့ခံ တတ်စေရန် လေ့ကျင့်ပေးခဲ့ကြောင်း၊ အထူးသဖြင့် သားအိမ်ကင် ဆာကို အနံ့ခံတတ်ရန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

မိုနဲလ် ဓာတု အာရုံခံစနစ် ဌာနကလည်း ခွေးများနည်းတူ အာရုံခံနိုင်သည့် အီလက်ထရွန်နစ် ဆင်ဆာ စနစ်ကို တီထွင်နိုင်ခဲ့ကြောင်း ဓာတုဗေဒ ပညာရှင် ဂျော့ပရက်တီက ပြောကြားခဲ့သည်။

From : ..the voice

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်