Sunday, September 09, 2012

အိုဘားမားကို နောက်တစ်ဆက် မဲပေးဖို့ သူ့မိန်းမမှ ပြည်သူများကို တောင်းဆို

Posted by drmyochit Sunday, September 09, 2012, under | No comments




From : MRTV4
လက်ရှိ အမေရိကန် သမ္မတ ဖြစ်သူ၏ ဇနီးသည်မှ အမေရိကန်ရှိ ဆန္ဒ မဲပေးသူများကို လာမည့် သမ္မတ သက်တမ်းအတွက်အိုဘားမားကို ဆက်ပြီး မဲပေးကြရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

အင်္ဂါနေ့က မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွင် ပြုလုပ်သော ဒီမိုကရက်တစ် အမျိုးသား အဆင့် စည်းရုံးပွဲ မိန့်ခွန်းတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်ကာ သူမနှင့်သူမ၏ ခင်ပွန်းသည်တို့မှာ ငွေကြေး သိပ်ပြီး မပြည့်စုံသော မိသားစုမှ ဆင်းသက်လာခြင်း ဖြစ်ပြီး သူမတို့ နှစ်ဦးလုံးမှာ မနှိုင်းယှဉ်နိုင်သည့် ချစ်ခြင်းတရားနှင့် ကြီးမားသည့် စွန့်လွှတ်မှုများကို ပေးဆပ်ခဲ့ရကြောင်းလည်း ပြောကြား သွားခဲ့သည်။ ယခုလို ကြီးပြင်းလာမှုကြောင့် အလည်အလတ်တန်းစား မိသားစုများ၏ ဘဝ အခြေအနေကို နားလည်ပါကြောင်းနှင့် သူမတို့ နှစ်ဦးမှာ ကျောင်းမှ အကြွေးများကို ပေးရင်းဖြင့် အိမ်ယာ ထူထောင်ခဲ့ ကြခြင်း ဖြစ်ကြောင်းလည်း ပြောကြား သွားခဲ့သည်။ ထို့အပြင်သမ္မတ အနေဖြင့်လည်း ၎င်း၏ မေတ္တာတရားမှာ ယခင်က ယခုအချိန်အထိ မပြောင်းလဲခဲ့ပါကြောင်းကိုလည်း ပြောကြား သွားခဲ့သည်။

source : NHK news

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်