Sunday, September 09, 2012

နှစ်ပေါင်း၂၆၀၀ကျော်က ဗုဒ္ဓအမွေအနှစ် တရုတ်ကုမ္မဏီ ကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီး ပျောက်ကွယ်တော့မည်လော

Posted by drmyochit Sunday, September 09, 2012, under | No comments


 

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုတ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော် မွေတော်တို့ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ပျက်စီးဆုံးရှုံးတော့မည်
ဖြစ်ကြောင်း၊ မပျက်စီးခင် ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်း
ရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူBrent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်
လုပ်ကိုင်နေခဲ့ပါတယ်။

 ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ် နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့
နီးကပ်လာနေပါပြီ။

 ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေလမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။ တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့်CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။

CNN

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်