Wednesday, March 20, 2013

မိတ္ထီလာမြို့ဈေးကြီးမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွါး ရွှေဆိုင်တဆိုင် ပျက်စီးပြီး လူတချို့ ဒဏ်ရာရ

Posted by drmyochit Wednesday, March 20, 2013, under | No comments


မိတ္ထီလာမြို့ဈေးကြီးအနားက ရွှေဆိုင် တဆိုင်ကို လင်မယားနှစ်ယောက် ရွှေလာရောင်း ရာက အရောင်း အ၀ယ်မှာ ပြဿနာ တက်ပြီး ဆိုင်ရှင်က ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပေမယ့် အခုတော့ အခြေ အနေတွေကို ရဲတွေက ထိန်းသိမ်းထားလိုက်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။

မိတ္ထီလာမြို့က နယူးဝိန့်စိန်ရွှေဆိုင်ကို မွတ်ဆလင်က ပိုင်တယ်လို့ သိရပြီး၊ မိတ္ထီလာမြို့နား ပြွန်ကောက် ရွာက ကိုခင်မောင်ဝင်းတို့ လင်မယားက အလှူအတွက် ဒီမနက်က ရွှေလာရောင်းရာက ဈေးနှိမ်တဲ့အပြင် ရွှေလက်ကောက် လည်း ကျိုးပဲ့သွားပြီး ပြန်လုပ်ပေးဖို့ တောင်းဆိုရာက ဆိုင်ရှင်က ကိုခင်မောင်ဝင်းကို ရိုက်နှက် ခဲ့လို့ ပြွန်ကောက်ရွာခံတွေက ဆိုင်ကို ပြန်လာပြီး တိုက်ခိုက်မှုတချို့ လုပ်ခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာအမှတ် ၂ ရဲစခန်း တာဝန်ကျ အရာရှိကတော့ ရဲအင်အား ၈၀ နဲ့ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်း ထားလိုက်ပြီလို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ဖြစ်ပျက်ခဲ့ပြီးနောက်မှာ မိတ္ထီလာဈေးကြီးက ဈေးဆိုင်တချို့လည်း မွန်းလွဲပိုင်းကစလို့ ပိတ် လိုက်ကြ တယ်လို့ သိရပါတယ်။

မိတ္ထီလာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီက ဦးဝင်းထိန် ကလည်း အခြေအနေတွေကို ပြေလည်အောင် ကူညီ ဆောင်ရွက်ဖို့ မိတ္ထီလာကို ရန်ကုန်ကနေ သွားနေတယ် လို့လည်း ဘီဘီစီက စုံစမ်းသိရပါတယ်။

သတင်း--  BBC Facebook

 မိတ္ထီလာ ရုန်းရင်း ဆန်ခတ် ဖြစ်ပွါးမှု ဓါတ်ပုံများ











Photo From: Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်