Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ရွှေဆိုင်ဖျက်

Posted by drmyochit Wednesday, March 20, 2013, under | No comments


မိတ်ထီလာမြို့ မိတ္ထီလာ ဈေးအတွင်းရှိ ရွှေဆိုင် တခုမှာ ၂၀-၃-၂၀၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ရွှေ အရောင်း အ၀ယ်ပြုလုပ် ရာကနေ မကျေမလည် ဖြစ်ပြီး ရွှေဆိုင်ဖြိုဖျက်မှု ဖြစ်ပွားခဲ့တယ်လို့ အမှတ် ၂ ရဲစခန်းက ပြောပါတယ်။


ဓာတ်ပုံ - လူထု မောင်ကာဠု

“ဖြစ်တာက ရွှေလာရောင်းတဲ့ လင်မယား ၂ ယောက်။ ရွှေဆိုင်မှာ ရှိတာက ၃ ယောက်။ အဲမှာ ရွှေ ရောင်းရွှေဝယ်လုပ်နေရင်း အချင်းများပြီး ရန်ဖြစ်ကြတာ။ လာရောင်း တဲ့သူ (ယောက်ျား) က အရိုက် ခံလိုက် ရတယ်။ ဒဏ်ရာကတော့ မစိုး ရိမ်ရဘူး၊ ခေါင်း နည်းနည်း ပေါက်သွား တယ်။ ဘာမှတော့ မစိုးရိမ် ရဘူး။ အမျိုးသမီးလည်း မစိုးရိမ် ရဘူး။”

အဲဒီလို အချင်းများ ရာကနေ ဘေး ပတ်ဝန်းကျင် ကလူတွေပါ ရောက်လာပြီး ထင်ယောင် ထင်မှားနဲ့ ရွှေဆိုင်ကို ၀င်ရောက် ဖျက်ဆီးကြ တာလို့ ပြောပါတယ်။

အခင်းဖြစ် နေရာကို သွားရောက်ကြည့် ရှုခဲ့တဲ့ အထက်မြန်မာပြည် ဗကသများ အဖွဲ့ချုပ် (မိတ္ထီလာ)က ကိုအောင်နေပိုင်က ဒီနေ့ ဖြစ်ပွား ခဲ့တဲ့ ဖြစ်ရပ်ဟာ ပုဂ္ဂိုလ်ရေးကိစ္စပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“သာမန် ဖြစ်စဉ် လို့ပဲပြောမယ်။ လူမျိုး ရေးကိစ္စနဲ့တာ့ တအားကြီးမဆိုင်ဘူး။ မိတ္ထီလာ ကလည်း ဒါမျိုး အစဉ် အလာ လည်း ရှိတာ နည်းတယ်။ ဒီအတိုင်း ဖြစ်တဲ့အပေါ်မှာ လူတွေက အာရုံ စိုက်သွား တာလောက် ပဲလို့ မြင်တယ်။ ဒီနေ့ မြင်ရတဲ့ ကိစ္စ မှာကျတော့ မိတ္ထီ လာအနေနဲ့ ရဲ၊ လုံခြုံရေးအင် အားလည်း အဆင်ပြေတယ်။ ရဲအင် အားလည်း အချိန်မီ ရောက်သွား နိုင်တယ်။ ဖြစ်တဲ့ပြဿ နာမှာလည်း ဘာသာရေး ကြောင့်လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လူမျိုး ရေးတွေကြောင့်လည်း မဟုတ်ဘူး။ သူတို့ ပုဂ္ဂိုလ် ရေးချင်းကြောင့် ဈေး ၀ယ် သူနဲ့ ဈေးရာင်းသူချင်း ပုံမှန်ဖြစ်တဲ့ကိစ္စလို့ပဲ မြင်တယ်။”

အခြေ အနေကို မိတ်ထီလာ ရဲစခန်းက ထိန်းထိန်း သိမ်းသိမ်းဖြစ်အောင် တာဝန်ယူ ဆောင်ရွက် နေ တယ်လို့ ရဲ တာဝန် ရှိသူက ပြောပါတယ်။

ဒီနေ့ ဖြစ်စဉ်ကြောင့် လူသေဆုံး မှုမ ရှိဘဲ ပစ္စည်း ပျက်စီး ဆုံးရှုံး တာပဲ ရှိခဲ့ပြီး မိတ်ထီလာ ဈေးကိုတော့ ပိတ်ထား လိုက်ရပါတယ်။

From: DVB

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်