Wednesday, March 20, 2013

ညီအစ်ကိုချင်း ဓါးထိုးမှု ဖြစ်ပွါး တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

Posted by drmyochit Wednesday, March 20, 2013, under , | No comments


ဟင်္သာတ၊ မတ် ၂၀။

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့ လယ်တီ ကွင်းရပ် အောင်ချမ်းသာလမ်းတွင် (၁၉-၃-၂၀၁၃) နေ့၊ ည (၁၀း၁၅) အချိန်ခန့်၌ ညီအစ်ကိုချင်း စကားများ ရာမှ ဓားထိုးမှု ဖြစ်ကာ အစ်ကိုကြီး ဖြစ်သူ မှာ ပွဲချင်းပြီး သေဆုံးပြီး၊ အစ်ကိုလတ်မှာ ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူလျက် ရှိသည် ဟု သတင်းရရှိ သည်။

ဖြစ်ပွားပုံမှာ အောင်ချမ်းသာလမ်းတွင် နေထိုင်သော အဖ ဦးစိုးမြင့်၊ အမိ ဒေါ်ရင်မြင့်တို့မှ မွေးဖွားသော ညီအစ်ကို အရင်းများသည် သီရိအောင်မြေရပ် အတွင်း အရက်ဖြူဆိုင်တွင် သောက်စား မူးယစ်ပြီး အိမ်သို့ ပြန်လာကြောင်း၊ အိမ်တွင် အစ်မ ဖြစ်သူများနှင့် ထမင်း အတူစားရင်း ညီအစ်ကိုချင်း စကားများရာမှ အငယ်ဆုံး ဖြစ်သူ အောင်ကျော်စိုး (၂၀)နှစ်ခန့် သည် အစ်ကိုကြီး ဖြစ်သူ ခင်ဇော်(ခ)သံချောင်း (၃၂)နှစ်ခန့်အား ဓားဖြင့် အချက်ပေါင်းများစွာ ထိုးရာ အစ်ကိုကြီးဖြစ်သူ မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ထို့နောက် အစ်ကိုလတ် ဖြစ်သူ ဇော်နိုင်ထွန်း(၃၀)နှစ်ခန့်အား ဓားဖြင့် ဆက်လက်ထိုးသောကြောင့် အစ်ကို လတ်ဖြစ်သူမှာ ဒဏ်ရာရရှိကာ ဟင်္သာတမြို့ ပြည်သူ့ ဆေးရုံတွင် အတွင်း လူနာ (စိုးရိမ်ရ) အဖြစ် ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

တရားခံ အောင်ကျော်စိုးအား အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားခံအား ယမန် ယူနေသည်ဟု သိရသည်။

ပေးပို့သူ- ဟင်္သာတ မီဒီယအဖွဲ့ 
Thit Htoo Lwin Blog

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်