Wednesday, March 20, 2013

ရဲဝန်ထမ်းနှင့် အရပ်သားတို့ ထိုးကြိတ်ရာမှ အပြန်အလှန်တရားစွဲ

Posted by drmyochit Wednesday, March 20, 2013, under | No comments

ရန်ကုန်၊ မတ်- ၁၉

အနောက်ပိုင်း တက္ကသိုလ် ရဲကင်းမှ ရဲဝန်ထမ်း အပါအ၀င် သတင်းပေး လေးယောက် တို့နှင့် အရပ်သား သုံးဦး ထိုးကြိတ် ကြရာမှ ဆွဲကြိုးဖြတ် လုယက်မှု၊ တာဝန် ၀တ္တရား နှောင့်ယှက်မှု တို့ဖြင့် အပြန် အလှန် အမှုဖွင့် ထားကြ ကြောင်း သတင်း ရရှိသည်။

အရပ်သား လူငယ် ၃ ဦးသည် မတ် ၁၇ရက် ည ခုနှစ်နာရီခန့်က ထန်းတပင်မြို့နယ်မှ လှိုင်သာ ယာမြို့နယ် သို့ မိတ်ဆွေ များအား မော်တော် ဆိုင်ကယ်ဖြင့် ပြန်ပို့ အပြီး အနောက်ပိုင်း တက္ကသိုလ် အနီးတွင် ဆွဲကြိုး ဖြတ် လုယက်ခံ ရခြင်း ဖြစ်ကြောင်း အရပ်သား များဘက် ကပြောသည်။

“ကျွန်တော်တို့ ဆိုင်ကယ်ကို သူတို့တွေက ကျော်တက်တဲ့ အချိန် သူတို့ထဲက ရဲတစ်ယောက်ကို သိနေလို့ လှမ်း နှုတ်ဆက် လိုက်သေးတယ်၊ စည်ပင် သာယာ တံတား မောင်း တံနား လည်းရောက်ရော စောစော ကကျော်တက် သွားတဲ့ ရဲတွေက ဂိတ်တံ ခါးပိတ် စောင့်နေပြီး တစ်ယောက်ကို လက်ထိပ် ခတ်တယ်၊ နောက်ဆိုင် ကယ်တစ်စီး က ကျွန်တော့် တို့ ဆိုင် ကယ်ကို ပိတ်တိုက် လိုက်လို့ ကျွန်တော် တို့ သုံး ဦးလုံး ဆိုင်ကယ်ပေါ် က လွင့်ကျ သွားတယ်၊ ရဲတစ်ယောက်က လက်ထိပ်ခတ် ခံထားရသူရဲ့ ဆွဲကြိုး ကိုဖြတ် လုတယ်၊ နောက်တစ်ယောက်က မင်း ဆွဲကြိုးကို လည်းဖြတ် တယ်ကွာ လို့ပြောပြီး ဆွဲဖြတ် ယူသွားတယ်၊ ကျွန်တော် တို့လေးယောက် လုံးကို ၀ိုင်းထိုးကြတယ်၊ ကျွန်တော် အင်္ကျီ အိတ်ကပ်ထဲ ထည့် ထားတဲ့ ငွေငါးသောင်း လည်း လုံးထွေးနေ တုန်းပျောက် သွားတယ်”ဟု အသက် ၂၇ နှစ်ရှိ အလု ခံရသူ ဆိုသူ ကပြော သည်။

အဆို ပါနေရာ သို့ အနီးရှိ ရွာသစ်ကျေးရွာမှ လူတစ်ချို့ရောက်လာပြီး ဖျန်ဖြေပေးသောအခါမှ လူစုကွဲ သွားကြ သည်။ အနောက်ပိုင်းတက္ကသိုလ်ရဲကင်းမှ ရဲတပ်သားနှစ်ဦးနှင့် ရဲသတင်းပေးနှစ် ဦးတို့ ထွက်ပြေး သွားကြရာ တစ်ကျပ် သားခန့် ရွှေဆွဲကြိုး တစ်ကုံး၊ တစ်ကျပ် ခွဲသားခန့် ရွှေဆွဲကြိုး တစ်ကုံးနှင့် ငွေကျပ် ငါးသောင်း ရှာမတွေ့ တော့ဘဲ ၎င်းတို့၏ ဆိုင်ကယ် တစ်စီးပင် ကျန်ခဲ့ကြောင်း လုယက် ခံရသူ ကပြောသည်။

အဆိုပါ ဖြစ်စဉ်အား တက်သစ် ရဲစခန်းသို့ မေးမြန်းရာ စခန်းမှုး ရဲအုပ် ဦးတင်မြင့်က နှစ်ဖက် စလုံးကို စစ်ဆေး လျက် လုယက်မှု၊ အားပေး ကူညီမှု တို့ဖြင့် အမှုဖွင့် ပေးထား သကဲ့သို့ ရဲများ ကလည်း တာဝန် ၀တ္တရား ထမ်းဆောင် ချိန် ကိုယ်ထိ လက်ရောက်မှု၊ ဆဲဆို မှုတို့ဖြင့် အမှုပြန် ဖွင့်ထားပြီး နှစ်ဖက်စလုံး ဒဏ်ရာ ရကာ ရဲဝန် ထမ်းများအား ထန်းတပင် ဆေးရုံတွင် ဆေးဝါး ကုသနေကာ အရပ်သား များက အင်းစိန် ဆေးရုံတွင် ဆေးဝါး ကုသ နေကြောင်း ပြောသည်။

ထို့ကြောင့် အရပ် သား များ ဘက်မှ တက်သစ် ရဲစခန်းတွင် ပုဒ်မ ၃၉၂၊ ၁၁၄ တို့ဖြင့် အမှု ဖွင့်ထား သကဲ့သို့ ရဲ ၀န်ထမ်း များကလည်း တက်သစ် ရဲစခန်း တွင်ပင် ပုဒ်မ ၃၃၂/ ၂၉၄ တို့ဖြင့် အပြန် အလှန် အမှုဖွင့် ထားကြောင်း သတင်း ရရှိသည်။

Popular Myanamr News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်