Wednesday, March 20, 2013

ဘုရားသုံးဆူရှိ တပ်ကုန်းနေ လူထုများ နေရာမှထွက်ပေးရန် သတိပေးခံရ

Posted by drmyochit Wednesday, March 20, 2013, under | No comments


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ်ပိုင် တပ်ကုန်း တွင် အခြေချ နေထိုင်ကြသူများကို လက်ရှိနေ ရာမှ ထွက်ခွာသွား ကြရန် အရှေ့တောင်တိုင်းဗျူဟာနှင့် မြို့ခံ အာဏာ ပိုင်များက သတိပေးခဲ့သကြောင်း သိရ သည်။

မတ်လ ၁၇ ရက်နေ့က တပ်ကုန်းရှိ လူထုအားလုံး၏ ကိုယ် စား ဦးစိုင်း ယု၊ မခင်မျိုးဝင်းနှင့် မမြင့်သန်းတို့ကို ညနေ ၄ နာရီကျော်မှ ၅ နာရီခွဲအထိ ဘုရားသုံးဆူမြို့၊ (မရက) ရုံးတွင် အဆိုပါ တာဝန်ရှိသူများမှ ခေါ်ယူ သတိပေး ခဲ့ခြင်းဖြစ် သည်ဟု တပ်ကုန်းတွင် အခြေချနေထိုင်သူ စောသော် ယူက ကေအိုင်စီသို့ ပြောသည်။

သူက “ခေါ်တွေ့ခံရတဲ့သူတွေက ၄ ယောက်ပေါ့။ တစ်ယောက်က ခရီးလွန်လို့ မသွားနိုင်ဘူး။ သွားတဲ့သူတွေ ကျနော် တို့ကို ပြန်လာပြောတာကတော့ တပ်ကုန်းဟာ တပ်ပိုင်မြေဖြစ်တဲ့အတွက် ထွက်ဖို့ အားလုံး ပြင်ဆင် ထားတဲ့။ ဘယ်တော့ ထွက်ရမလဲတော့ မပြောဘူး။ ဒါပေမယ့် ဒီလို ပြောတဲ့အခါကျတော့ ကျနော်တို့တွေ စိုးရိမ်သော ကဖြစ် ရတယ်” ဟု ပြောဆိုသည်။

ထို့အပြင် အရှေ့တောင်တိုင်း ဗျူဟာမှ တာဝန်ရှိသူများက ယမန်နေ့ မတ်လ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် တပ်ကုန်းရှိ လူထု များအား တွေ့ဆုံရန် ချိန်းထားသော်လည်း နံနက် ၇ နာရီတွင် ဘုရားသုံးဆူမြို့မှ ပြန်လည် ထွက်ခွာ သွားခဲ့ သည်ဟု သူက ဆက်ပြောသည်။

အဆိုပါတပ်ကုန်းတွင် နေထိုင်သူများမှာ ၎င်းတို့နေထိုင်ရန် မြေကွက်ကို တပ်ကုန်းစခန်း တာဝန်ရှိသူများထံမှ ထိုင်း ဘတ်ငွေ သုံးထောင်၊ ငါးထောင်မှ တစ်သောင်းအထိ ၀ယ်ယူခဲ့ရသလို မြို့ခံရပ်ကွက်(၂)နှင့် (၃)ရှိ အာဏာပိုင်များကိုလည်း ယခုအချိန်အထိ လစဉ် ဘတ်ငွေ ၁၀၀ အခွန်ပေးဆောင်ရသည့်အပြင် ကင်းကြေးငွေဘတ် ၄၀ မှ ၅၀ အထိ ပုံမှန် ပေးဆောင်နေရကြောင်း တပ်ကုန်းဒေသခံများက ပြောသည်။

အစိုးရအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးက “တပ်ကုန်းဟာ စစ်တပ်က ပိုင်တဲ့အတွက် တချိန်ချိန်မှာတော့ ပြန်သိမ်းယူမှာပဲ။ ကျူးကျော်မြေအဖြစ် နေထိုင်တဲ့သူကလည်း ထွက်ပေးရမှာ ဖြစ်တယ်”ဟု ကေအိုင်စီ၏ မေးမြန်းချက်ကို ပြန်လည် ပြောဆိုသည်။

သို့သော် တပ်ကုန်းနေ လူထုများ ထွက်ခွာမည်ဆိုပါက ဘုရားသုံးဆူမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ-USDP မှ ရွှေ့ပြောင်းအခြေချနေထိုင်ရန် အိမ်ခြေ ၃၀ ခန့်ဆံ့သည့် မြေနေရာတစ်ခု စီစဉ်ထားပြီး ပေ ၃၀-၄၀ ပတ်လည်ရှိ မြေတစ်ကွက်ကို ဘတ်ငွေ ၇,၅၀၀ မှ ၃၀,၀၀၀ အထိ ရောင်းချ ရန်ရှိသော် လည်း တောင်ကမ်းပါးနေရာဖြစ်နေ၍ နေထိုင်ချင်သူမရှိကြောင်း စောသ်ာယူက ဖြည့်စွက် ပြောဆို သည်။

အမည် မဖော် လိုသူ တပ်ကုန်း ဒေသခံ တစ်ဦးကလည်း “ဒီေ နရာဟာ အစိုးရ စစ်တပ် ဘက်က တပ်မြေလို့ ပြောပေမယ့် တပ်ကပဲ ရောင်း တယ်။ နောက် ပိုက်ဆံနဲ့ ၀ယ်ထား ရတာတောင် ကျူးကျော်မြေမှာ နေတယ်လို့ လည်း အပြော ခံရတယ်။ ကျမတို့ကလည်း ဒီမှာနေလာတာ ၁၀ နှစ်ကျော်ပြီဆိုတော့ ထွက်ခိုင်း မယ်ဆိုရင် အခက် အခဲ အများကြီး ရှိမှာဖြစ်လို့ ထွက်မပေးနိုင်ဘူး” ဟု ကေအိုင် စီသို့ ပြောသည်။

မွန်၊ မြန်မာနှင့် ကရင်လူမျိုးများ နေထိုင်ကာ အိမ်ခြေ ၁၀၂ လုံးရှိသော တပ်ကုန်းမှာ အစိုးရ စစ်တပ် ကုန်းစခန်း ခြံဝင်းအပြင်ဘက်၌ တည်ရှိ၍ ပြီးခဲ့သည့် ၁၀ နှစ်ကျော်က ချုံတော ထူထပ်ကာ မြေလွတ်မြေ ရိုင်းများ သဖြင့် တပ်ကုန်းသို့ လာရောက်အမှုထမ်းသော အစိုးရတပ်ရင်းများက မြေကွက်ချပေးကာ ရောင်းချ ခဲ့ခြင်းဖြစ်သည်။

KIC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်