Wednesday, March 20, 2013

စာနယ်ဇင်းဆိုတာ ပေါင်းကူးတံတားလို့ ဆိုလာတဲ့ ဆုပန်ထွာ

Posted by drmyochit Wednesday, March 20, 2013, under | No comments


သရုပ်ဆောင် အနုပညာမှာ ပရိသတ်ရဲ့ လက်ခံ အားပေးမှုကို ရရှိထားတဲ့ အပြင် ဂီတ ဖက်မှာလည်း “မတည့် အတူနေ” စီးရီးနဲ့အတူ ပရိသတ်တွေရဲ့ မေတ္တာကို ထပ်မံ ရရှိခဲ့တဲ့ ဆုပန်ထွာက ဒုတိယမြောက် စီးရီးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တစ်ဝက်နီးပါး အချောသတ်ပြီး နေပြီလို့ ဆိုပါတယ်။ ပရိုမိုးရှင်း ပွဲတွေမှာ အင်တာဗျူး သူတွေနဲ့ ကြုံတွေ့တဲ့အခါ ဆုပန်ထွာက ဘာမှ မဖြစ်တဲ့အပြင် ရှောင်စရာလည်း မလိုဘူး လို့ ပြောပါတယ်။ စာနယ်ဇင်း ဆိုတာ အနုပညာ သမားတစ်ယောက်ရဲ့ ပရိသတ်ကြား မှာ ပေါင်းကူး တံတား ဖြစ်တာကြောင့် အနှောင့်အယှက် ဖြစ်တယ်လို့ မယူဆပါ ဘူးဆိုပြီး သူမရဲ့ ခံစားချက်ကို အသိပေး ခဲ့ပါတယ်။ အနုပညာလောက ရဲ့ တက်သစ်စ လူငယ်လေးတွေနဲ့ ပက် သက်ပြီးတော့ “ခွဲခြား ဆက်ဆံတာ မျိုးတွေ မရှိပါဘူး…. အားလုံးကို ပြေလည်တဲ့ စိတ်လေးနဲ့ အကောင်းဆုံး ဆက်ဆံတယ်” လို့ ဆုပန်ထွာက ပြောပါ တယ်။ ဆုပန်ထွာရဲ့ ဒုတိယ စီးရီးဟာ ပထမ သူရဲ့ စီးရီးခွေထက် အောင်မြင်မှု ရနိုင်မလား…. သီချင်းပုံတွေ ကိုကော ဘယ်လိုတွေ ဖန်တီး သီဆိုထားသလဲဆိုတာကိုတော့ ပရိသတ်တွေ စောင့်မျှော်ကြ ရမှာပဲ ဖြစ်ပါတယ်။

Myanmar Daily News မှ ကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်