Friday, August 10, 2012

စာနယ်ဇင်းသမား ၅၅၂ဦး လက်မှတ်ရေးထိုးထားသော တောင်းဆိုချက် ၇ ချက် သမ္မတနှင့် လွှတ်တော်ဥက္ကဌများထံ ပေးပို့မည်

Posted by drmyochit Friday, August 10, 2012, under | No comments


From -TheVoiceWeekly


သတင်း လွတ်လပ်ခွင့်ကော်မတီ (ယာယီ) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုသည့် အချက်များအား ထောက် ခံကြောင်း စာနယ်ဇင်းသမား ၅၅၂ ဦး လက်မှတ်ရေးထိုးထားခြင်းကို သြဂုတ်လ ၁၃ ရက်နေ့တွင် သမ္မတနှင့် လွှတ် တော်ဥက္ကဋ္ဌများထံသို့ ပေးပို့မည်ဖြစ်ကြောင်း သတင်း လွတ်လပ် ခွင့်ကော်မ တီ(ယာယီ) ၏ ယနေ့တွင်ကျင်းပသော အထူး အစည်း အဝေးသ တင်းထုတ်ပြ န် ချ က်အရ သိရသည်။

ယင်းအပြင် သတင်းမီဒီယာ သမားများ၏သဘောထားဆန္ဒမပါဘဲ ရေးဆွဲ ထားသော ပြန်ကြားရေး ၀န်ကြီးဌာန၏ ပုံနှိပ်မီ ဒီယာဥပဒေကို ကန့်ကွက်ရေးနှင့် သတင်းမီဒီယာများအပေါ်အစိုးရ၏တရားစွဲဆိုမှုများ ရုပ်သိမ်းပေးရေး ဆန္ဒထုတ် ဖော်ရေး ကိစ္စ များကို သြဂုတ်လ ၁၅ ရက်နေ့တွင် ထပ်မံကာ အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်း၊ သတင်း လွတ်လပ်ခွင့်ကော်မတီ၏ တောင်းဆိုချက်များ ရရှိသည်အ ထိ ဆက်လက်အရေး ဆိုလှုပ်ရှားသွားမည်ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကော်မတီကသြဂုတ်လ၁ရက်နေ့တွင်ထုတ်ပြန်ခဲ့သောတောင်းဆိုချက်၇ချက်မှာ

၁။ ပိတ်ပင်ခံထားရသော The Voice Weekly , Envoy ၊ လျှပ်တပြက်ဂျာနယ်တို့ကို ချက်ချင်းထုတ်ဝေခွင့်ပေးရန်။
(မှတ်ချက်-အစည်းအဝေးပြီးဆုံးချိန်တွင် လျှပ်တပြက်ဂျာနယ်ကို ပြန်လည်ထုတ်ဝေခွင့်ပြုလိုက်ပြီဟု သိရှိရပါသည်)

၂။ ပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေသည့်နောက်ပြန်ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်လုပ်ရပ်မျိုးကိုမဆိုအရေးယူဖယ်ရှားပေးရန်။

၃။ ၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေနှင့်မီဒီယာများ
ကို ဖိနှိပ်ကန့်သတ်ထားသော ဥပဒေများကို ချက်ချင်းဖျက်သိမ်းပေးရန်။

၎။ သတင်းမီယာများအပေါ် အရေးယူမှုများကို ထပ်မံလုပ်ဆောင်ခြင်းမပြုရန်။

၅။ ကျင့်ဝတ်နှင့်အညီရေးသားဖော်ထုတ်
သော မည်သည့်ရေးသားမှုကို အစိုးရက ဥပဒေကြောင်းအရ တရားစွဲမှုများကို ချက်ချင်းရပ်ဆိုင်းရန်။

၆။ မီဒီယာသမားမ်ားသေဘာဆႏၵမပါ၀င္ဘဲေ
ရးဆွဲထားသည့် မည်သည့်မီဒီယာဥပဒေကိုမဆို လက်မခံပါ။

၇။ လတ်တလောဖြစ်ပွားနေသော စာပေလွတ်လပ်ခွင့်ဆုံးရှုံးမှုများ
အတွက် မီဒီယာသမားများအား နိုင်ငံတော်၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်က အမြန်ဆုံးတွေ့ဆုံဖြေရှင်းပေးရန် တို့ဖြစ်သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်