Friday, August 10, 2012

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ရလဒ် ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်မည်

Posted by drmyochit Friday, August 10, 2012, under | No comments



From:ခေတ်လူငယ်

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ်ပြန်လည်ကောက် ခံမည့်ပြည်လုံးကျွတ် သန်းခေါင် စာရင်းမှ ရရှိလာသည့် အချက်အလက်များကို ၂၀၁၅ ခုနှစ်အတွင်း ထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးဦးခင်ရီက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောသည်။  ရေနံချောင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း၏ မေးခွန်းကို ထိုကဲ့သို့ ဖြေကြား ခဲ့ခြင်းဖြစ်သည်။


 ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် အကြောင်းအ မျိုးမျိုးကြောင့် ကောက်ခံနိုင်ခြင်း မရှိခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ယခုနှစ်မှ စတင်ကောက် ယူမည်ဖြစ်ရာ သုံးနှစ်နှင့် ၁၀ လခန့် အချိန် ရရှိသည်။ ထိုသို့ကောက်ခံ ရာတွင် အဆင့်လေး ဆင့်ဖြင့်ကောက်ခံသွား မည်ဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ခံခြင်း၊ စာရင်းပြုစုခြင်း၊ လေ့လာဆန်း စစ်ခြင်းနှင့် အစီရင်ခံစာ ပြုစု ထုတ်ပြန်ခြင်းတို့ ပါဝင် မည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကောက် ယူရမည် ဖြစ်သောကြောင့် ဝန်ထမ်းများအား အဆင့်မြင့် သင်တန်းများ ပို့ချပေးခြင်း၊ သန်းခေါင် စာရင်းအတွက် အသုံးပြုမည့် နည်းပညာ ရပ်များအတွက် လိုအပ်သော စက်ကိရိ ယာများ တပ်ဆင်ခြင်း၊ ကွန်ပျူတာ နည်းပညာရပ် ပိုင်းဆိုင်ရာ များကို အဆင့်မြှင့် တင်ခြင်းများဆောင် ရွက်မည်ဖြစ်သည်။ ထို့ပြင်ပြည် သူလူထုသို့မေးမြန်းကောက် ခံရမည့်မေးခွန်း များအတွက် အချက်အလက် များရရှိရန် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းများလည်း ပါဝင်မည်ဖြစ်သည်။ “သန်းခေါင်စာရင်း ကောက်ယူဖို့အတွက် လွှတ်တော် လူမှုဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး မိမိတို့ဌာနနဲ့ စတင်ပူးပေါင်းဆောင် ရွက်နေပါတယ်” ဟု ဦးခင်ရီက ပြောသည်။ ထိုသို့ကောက်ခံ ပြီးသည့် နောက်ပိုင်းတွင် လူဦးရေ ဆိုင်ရာ ပေါ်လစီများ ထွက်ပေါ် လာနိုင်ပြီး ကိန်းဂဏန်း များလည်း မှန်မှန်ကန်ကန် ရလာနိုင် မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိ အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လူဦးရေ စာရင်းမှာ ၆၀ ဒသမ ၃၈ သန်းဖြစ်ကြောင်း ဦးခင်ရီက ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြောသည်။ လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေတိုးနှုန်းမှာ ယခင် ၁၉၈၈ နောက်ပိုင်းက ၂ ဒသမ ၀၂ ရာခိုင်နှုန်းမှ ယခု နောက်ဆုံးနှစ်တွင် ၁ ဒသမ ၀၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ်မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်