Friday, August 10, 2012

ဦးအောင်သိန်းလင်း ဆွေးနွေးချက်

Posted by drmyochit Friday, August 10, 2012, under | No comments


From -ပြည်သူ့လွှတ်တော် Facebook

(Migrant Workers)အတွက် ဘဝအာမခံချက် လုံခြုံမှုရရှိရေးအတွက် Migration Policy ချမှတ်ဆောင်ရွက်နိုင်ပါရန် အဆိုနှင့် ပတ်သက်ပြီး ဦးအောင်သိန်းလင်း(တောင်ဥက္ကလာပမဲဆန္ဒနယ်) က ဆွေးနွေးခြင်း-ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးတင်သွင်းတဲ့ အဆိုနဲ့ ပတ် သက်ပြီးတော့မှ ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရွှေ့ပြောင်း အလု ပ်သ မားတွေအနေနဲ့ တခြားနိုင် ငံများမှာ ဘဝအာမခံချက်မရှိဘဲ ပြဿနာများနှင့် ရင် ဆိုင်း နေရတာနဲ့ပ တ် သက်ပြီးတော့မှ ကျွန်တော်တို့တတွေ အရင်ခံအကြောင်းတရားတွေကို စိစစ် တဲ့ နေရာမှာ မိမိတို့နိုင် ငံကို အနောက် အင်အာြး ကီးနိုင် ငံ တစ္စုကေ န ၿ ပီးေ တာ့ ဦးေ ဆာင်ပြီး စီးပွား ရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုက အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရှိရပါ တယ်။ အနောက်အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ မိမိတို့နိုင်ငံအပေါ်မှာ နိုင်ငံရေးအကြောင်း အရင်းခံများနှင့် ချမှတ်ခဲ့ တဲ့ပိတ် ဆို့မှုများဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို ဆိုးဆိုး ရွားရွားထိခိုက်ပျက်ဆီးစေပြီး လူ့အဖွဲ့အစည်းရဲ့ ဆင်းရဲဆုံး အလွှာမှာ အလုပ်လက်မဲ့များ တိုးပွားလာအောင် တွန်းအားပေးရာရောက်ခဲ့ပါတယ်။ ဤစီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု များကြောင့် မိမိတို့နိုင်ငံဟာ အထီးကျန်တာဖြစ်ပြီး ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတကာဆက်ဆံရေး ပါပျက်ယွင်းတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဆက်တိုက်ဆိုသလို ကြုံတွေ့ခံစားရပါတယ်။ ဒီလို အထီးကျန်ဖြစ်ခဲ့မှုနဲ့အတူ ပိတ်ဆို့အရေးယူများနှင့် ရင်ဆိုင် ခဲ့ရတဲ့ မိမိတို့နိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးခဲ့ ရပါတယ်။ အဲဒီရဲ့ အကျိုးဆက်တွေကတော့ အချို့သောနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်း တွေအတွက် ပြည်ပထွက်ရွှေ့ပြောင်း အလုပ်သမားဘဝကို ခံယူခဲ့ကြရပါတယ်။ ပိတ်ဆို့ရေး သက်တမ်းပိုရှည်လာတာနဲ့အမျှ ရွှေ့ပြောင်းလုပ်သားအရေအတွက်တွေကလည်း ပိုမိုပိုလာနိုင် ဦးမယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားများအနက် တရားဝင်သွားရောက်လုပ်ကိုင်သူများရှိသလို အချို့ဟာလည်း ပြည်ပသို့ တရားမဝင် ထွက်ခွာ ပြီး တရားမဝင်ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်နေကြတာကိုတွေ့ရပါတယ်။ တရားဝင် သွားရောက် လုပ်ကိုင် သူများထဲမှာလည်း အဆင်မပြေသူ အလုပ်သမားများစွာ ရှိပါတယ်။ ပွဲစား ကုမ္ပဏီများရဲ့ အပြောနှင့် အလုပ် မညီညွှတ်မှုကြောင့် ပြည်ပအလုပ်ရှင်ရဲ့ ဖိနှိပ်မှု၊ အနိုင်ကျင့်မှု၊ လစာမမှန်မှုတို့ကြောင့် ဒဏ်မခံနိုင်ကြတော့ပဲ အခြားအလုပ် ကိုပြောင်းရွှေ့လုပ်ကိုင်ကြရသူများ လည်းရှိပါတယ်။ ထိုအခါမှာ အလုပ်ရှင်က နိုင်ငံကူးလက်မှတ်ကိုသိမ်းထားတဲ့အတွက် အလုပ် ပြောင်းတာနဲ့ အဲဒီအလုပ်သမားဟာ တရားမဝင်အလုပ်သမားဘဝကို ရောက်ကြရပါတယ်။ ဒါကြောင့် ပြည်ပ ကိုသွားရောက်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝဟာ အချိန်မရွေး လူဝင်မှုဥပဒေအရ အရေးယူ ခံရနိုင်တဲ့ အခြေအနေမှာရှိခြင်း၊ တန်ရာတန်ကြေးလုပ်ခမရဘဲ လုပ်ခအနှိမ်းခံရခြင်း၊ တစ်ခါတစ်ရံ လစာမပေးဘဲ အနိုင်ကျင့်‌ခံရခြင်း၊ အလုပ်အကိုင်နေရာ ဒေသမတည်မြဲဘဲ မကြာခဏပြောင်းရွှေ့နေထိုင်လုပ်ကိုင်ရခြင်း၊ ကျန်းမာရေး၊ လူမှုရေးတို့နှင့် ပတ်သက် ပြီး အာမခံချက်မရှိခြင်း၊ လူ့အခွင့်‌အရေးများဆုံးရှုံးခြင်း စတဲ့အခက်အခဲတွေ ကြုံတွေ့ ရပါတယ်။ တရားမ ဝင်ဥပဒေအရ အဖမ်းခံကြရတဲ့သူတွေမှာ အခြားနိုင်ငံတွေရဲ့ လူဝင်မှု ကြီးကြပ်ရေးအကျဉ်းစခန်းတွေမှာ ထိန်းသိမ်း ခံထားရပြီး ပြန်လွှတ်တဲ့အခါမှာလည်း နယ်စပ် ဒေသများကို၊ တိရစ္ဆာန်များကို လွှတ်ပေးသကဲ့သို့ လွှတ်ပေးလေ့ရှိတာကို ကြားသိရပါတယ်။ အဲဒီလို လွှတ်ပေးလိုက်သူတွေထဲကလည်း တချို့ပွဲစားတွေက ငါးဖမ်းစက်လှေများကို ရောင်းစားခံရပြီး ပင်လယ်ပြင်မှာ လူမသိသူမသိဘဝနဲ့ ဇာတ်သိမ်းသွားရသူတွေလည်း ရှိနေ ကြောင်းကြားသိနေရပါတယ်။ မိမိတို့ရဲ့ အိမ်နီး နားချင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၂.၅ သန်းနဲ့ မလေးရှားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ၅ သိန်းခန့်ရှိပြီး ထိုရွှေ့ ပြောင်းလုပ်သား တွေအတွက် အလုပ်ခွင်တည်မြဲရေး၊ ရသင့်ရထိုက်တဲ့ လုပ်ခလစာရရှိရေး၊ ဘေးကင်း လုံခြုံရေး၊ အလုပ် ခွင်နှင့်အလုပ်ခွင်ပြင်ပမှာ ဘေးအန္တရာယ်ကင်း အေးချမ်းလုံခြုံစွာ နေထိုင်ခွင့်ရရေး၊ ကျန်းမာစောင့်ရှောက်မှုဆိုတဲ့ အခြေ ခံအချက်တွေကို လိုအပ်နေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်း အချက်အလက်များနှင့် အထောက်အထားများအရ သိနိုင်ကြမှာပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ တွေအနေနဲ့ကတော့ ပြည်ပကိုထွက်ခွာပြီး စီးပွားရေးအရင်းအမြစ်တွေ ရှာဖွေ လုပ်ကိုင်ရာမှာ အန္တရာယ်အာမခံကြေးဥပဒေ၊ ငွေကြေးတည်ငြိမ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုရေးအာမခံချက် များဖြင့် ဥပဒေများပြဋ္ဌာန်းပြီး မိမိနိုင်ငံသားများအတွက် အကာအကွယ်ပေးမှုများနှင့် Migration Policy များချမှတ် ဆောင်ရွက်နေမှုများကိုလည်း မိမိတို့အနေနဲ့ လေ့လာသင့်ပါ တယ်။ ဒီနေ့ မိမိတို့နိုင်ငံအနေနဲ့ ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်ရာမှာ ပြည်သူတွေရွေးချယ် တင်မြှောက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ထင်သာမြင်သာ ပွင့်လင်း မှုရှိတဲ့ လွှတ်တော် နိုင်ငံရေးပေါ်ပေါက်လာပြီး နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ဖော်ဆောင်လျက်ရှိတာကို အားလုံး သိရှိကြပြီဖြစ်ပါတယ်။ ဒီမိုကရေစီပိုမိုပီပြင်လာတာနဲ့အမျှ မိမိတို့နိုင်ငံအနေနဲ့ ဒေသ အတွင်းမှာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများနဲ့ ရင်ပေါင်တန်းလာနိုင်တော့ မှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံမှာ အစိုးရသစ် တာဝန် ယူပြီးတဲ့နောက် ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်အောင် ဆောင် ရွက်မှုတွေ၊ တရားဝင် အလုပ်သမားမှတ်ပုံတင်များ ထုတ်ပေးနိုင်အောင်ဆောင်ရွက်မှုတွေ၊ အလုပ်သမားရေး ဆောင်ရွက် ပေးနေတဲ့ အစုအဖွဲ့တွေကို ထိတွေ့ဆက်ဆံမှုတွေ တချို့ကဏ္ဍတွေမှာ အဲဒီ အစုအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စတင်ဆောင်ရွက်လာတာကို တွေ့ရှိရတဲ့အတွက် လူသား ချင်းစာနာထောက်ထားစိတ် အခြေခံပြီး လုပ်သင့် လုပ်ထိုက် တာကို ဆောင်ရွက်ပေးတဲ့ အစိုးရ အဖွဲ့ရဲ့ ရွှေ့ပြောင်းလုပ်သားများအတွက် ဤဆောင်ရွက်မှုမျာကို ကြိုဆိုထောက် ခံပါကြောင်း တင်ပြလိုပါတယ်။ ဒီဆောင်ရွက်ချက်တွေကြောင့် ရွှေ့ပြောင်းလုပ်သားများအတွက် ယခင်ကနဲ့ စာရင် ဘဝအာမခံချက်နှင့် လုံခြုံမှုတွေ အထိုက်အလျောက်ရရှိလာမှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ ဖြစ်သင့် ဖြစ်ထိုက်သော တာဝန်ခံဆောင်ရွက်မှုများဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများ အဆင့်ဆင့်တို့အနေနဲ့ ထိထိ ရောက် ရောက် ညှိနှိုင်းဆောင်ရွက် တဲ့အနေအထားရောက်အောင် တိုးမြှင့်ဆောင်ရွက်ရေးမှာ ရွှေ့ပြောင်း လုပ်သား များဆိုင်ရာ မူဝါဒတစ်ရပ်ကို မိမိတို့နိုင်ငံမှာ ချမှတ်ဆောင်ရွက်နိုင်ရန် လိုအပ်နေပါတယ်။ ဒီလိုရွှေ့ပြောင်း လုပ်သားများ ဆိုင်ရာ မူဝါဒတစ်ရပ် ချမှတ်ဆောင်ရွက်နိုင်မှသာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုံခြုံရေးအာမခံချက်ကို ခိုင်မာစွာ တည် ဆောက်နိုင်မှာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးအဆိုပြုတင်သွင်းတဲ့ နိုင်ငံ ရပ်ခြားသွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဘဝအာမခံချက်နှင့် လုံခြုံမှုရရှိရေးအတွက် ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ မူဝါဒ ချမှတ် ဆောင်ရွက်နိုင်ရန် အဆိုကို လေးနက်စွာထောက်ခံပါကြောင်းတင်ပြအပ်ပါတယ်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်