ကချင်ပြည်နယ်
မြစ်ကြီးနား ဝိုင်းမော်မြို့နယ်ရှိ ကချင်လွတ်ြေ မာက်ေ ရး တ ပ်ဖွဲ့ (KIA)မှ နေရာယူထားသော
လုထောန် (Lu Htawn) တွင် မြန်မာ အ စိုးရ တပ်ပေါင်းစုမှ ထိုးစစ်ဝင်ေ ရာက် လာသောေ ကြာင့်
သြဂုတ် ၇ ရက် ယမန်နေ့ ညနေ တွင် နောက်ဆု တ်လိုက်ရကြောင်း KIA ရှေ့တန်းမှပြောသည်။ ၀ိုင်းမော်မြို့နယ်
ဆဒုန်း (Sadung) ဒေသ ကန်ပိုင်တီ (Kambaiti) လမ်းမ ရေတံခွန်ဝန်းကျင်တွင် တပ်ချထားသော
KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း (၃)ကို အစိုးရတပ်များ အင်အားနှင့် လက်နက်ကြီးများဖြင့်
ထိုးစစ်ဆင်ခဲ့သောကြောင့် အင်္ဂါနေ့က နောက်ဆုတ်ခဲ့ရခြင်းဖြစ်သည်။
တိုက်ပွဲများနှင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ယနေ့တွင်လည်း
တဘတ်ခချောင်း (Dabak Hka Nam) အောက်ဘက်တွင် အစိုးရတပ်များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ
KIA ထောင်ထားသော မှိုင်းနင်းမိသော ကြောင့် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။သို့သော်သေဆုံးဒဏ်ရာရမှုကိုမသိရကြောင်းKIAအရာရှိများပြောသည်။
ကချင်ပြည်နယ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေးကင်တားနား လာရောက်ခဲ့ပြီးနောက် မြန်မာအစိုးရတပ် စစ်ကြောင်းများသည် ပိုမိုတိုးချဲ့လာသည်ဟု ယူဆမိကြောင်း ဗဟိုဌာန ချုပ လိုင်ဇာမှKIAအရာရှိတဦးဆိုသည်။
“သူပြန်သွားတာနဲ့ တိုက်ပွဲပြန်စတယ်လို့ပြောရမယ်။ ၄၊ ၅
ရက်နေ့မှာ တိုက်ပွဲတွေဖြစ်တယ်…ကျွန်တော်တို့ကို အမြစ် ပျက်ချေးမှုန်းဖို့အတွက်ရှေးတန်းတွေမှာညွှန်ကြားတယ်ထင်တယ်။”
သြဂုတ် ၅ ရက် တနင်္ဂနွေနေ့ ၉ နာရီချိန်တွင် KIA တပ်မဟာ (၅) နယ်မြေ မုန်မူနှင့် နောင်နန့်ကြားတွင် မြန်မာအစိုးရတပ် ခလရ ၃၂၀ နှင့် KIA တပ်သားများ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ
မြန်မာအစိုးရတပ်မှ ၆ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်းရှေ့တန်းမှKIAတပ်သားများပြောသည်။
“ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ကျွန်တော်တို့က နေရာယူထားပြီးသား ကဒုတ်ကျင်းတူးပြီးပစ်တယ်ဆိုတော့ မထိဘူး။ သူတို့က တောလမ်းအတိုင်းလျှောက်လာတယ်ဆိုတော့
ထိတယ်” ဟု ရှေ့တန်းမှ တပ်သားတစ်ဦးပြောသည်။
ထို့ပြင် KIA တပ်ရင်း ၁၁ ဘက်သို့ မိုးကောင်း-နမ္မတီးလမ်းမှ မြစ်ကြီးနားဖက်သို့ မြန်မာစစ်တပ် အင်အား ၂၀၀ ကျော် စစ်ကား ၁၂ စီးဖြင့် သြဂုတ် ၄ ရက်၊ စနေနေ့ ညနေတွင် တိုးချဲ့ရောက်ရှိလာကြောင်း ဗဟိုဌာနချုပ် လိုင်ဇာ မှအရာရှိများပြောသည်။
နန်မော(Nang Mau) မှ မြန်မာအစိုးရစစ်တပ် ခမရ ၃၈၃ တပ်မှ စစ်အင်အားများ ၄၀ ကျော်သည် နားလုံးအောက် စခန်းသို့ သြဂုတ်လ၅ရက်နေ့တွင်ထပ်မံတိုးချဲ့ထားကြောင်းသိရသည်။
ထို့အတူ မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန် (Dawhpumyang) ဘက်တွင်လည်း မြန်မာအစိုးရစစ်တပ်များ စစ်အင် အား ၁၀၀၀ ကျော်ရှိနေပြီး ယခုချိန် ထိုးစစ်ဆင်လှုပ်ရှားနေသော နေရာများသည် ဒေါ့ဖုန်းယန်၊ လွယ်မောက်၊ နားလုံ၊ မန်မော၊ တိန့်ကျန်း၊ ဘွမ်ဆောန်၊ မုန်လိုင်ခ (မုန်းလွဲ) ချောင်းအောက်ပိုင်း ဒေသများတွင် နှစ်ဖက် လှုပ်ရှားနေ သောနေ ရာဖြစ်ကြောင်းလိုင်ဇာဗဟိုဌာနချုပ်မှစစ်အရာရှိများပြောသည်။
ယခုချိန်တွင် ကချင်ပြည်နယ် KIA တပ်ချထားသည့် နေရာများသို့ မြန်မာအစိုးရစစ်တပ်များ လက်နက်၊ ရိက္ခာ၊ စစ်အင်အား နေ့စဉ်တိုးချဲ့လာပြီး ၄င်းတို့သည် ညအချိန်တွင် လျှို့ဝှက်လှုပ်ရှားနေသောကြောင့်
KIO မှလည်း သတိနှင့် စောင့်ကြည့် ချိန်ဖြစ်ကြောင်းသိရသည်။
KNG
တိုက်ပွဲများနှင့် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး
ကချင်ပြည်နယ်ထဲ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေးကင်တားနား လာရောက်ခဲ့ပြီးနောက် မြန်မာအစိုးရတပ် စစ်ကြောင်းများသည် ပိုမိုတိုးချဲ့လာသည်ဟု ယူဆမိကြောင်း ဗဟိုဌာန ချုပ လိုင်ဇာမှKIAအရာရှိတဦးဆိုသည်။
“သူပြန်သွားတာနဲ့ တိုက်ပွဲပြန်စတယ်လို့ပြောရမ
သြဂုတ် ၅ ရက် တနင်္ဂနွေနေ့ ၉ နာရီချိန်တွင် KIA တပ်မဟာ (၅) နယ်မြေ မုန်မူနှင့် နောင်နန့်ကြားတွင် မြန်မာအစိုးရတပ် ခလရ ၃၂၀ နှင့် KIA တပ်သားများ ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရ
“ကျွန်တော်တို့ ထိခိုက်ဒဏ်ရာ ရတာမရှိဘူး။ ကျွန်တော်တို့က နေရာယူထားပြီးသား ကဒုတ်ကျင်းတူးပြီးပစ်တယ်ဆို
ထို့ပြင် KIA တပ်ရင်း ၁၁ ဘက်သို့ မိုးကောင်း-နမ္မတီးလမ်းမှ မြစ်ကြီးနားဖက်သို့ မြန်မာစစ်တပ် အင်အား ၂၀၀ ကျော် စစ်ကား ၁၂ စီးဖြင့် သြဂုတ် ၄ ရက်၊ စနေနေ့ ညနေတွင် တိုးချဲ့ရောက်ရှိလာကြောင်း ဗဟိုဌာနချုပ် လိုင်ဇာ မှအရာရှိများပြောသည
နန်မော(Nang Mau) မှ မြန်မာအစိုးရစစ်တပ် ခမရ ၃၈၃ တပ်မှ စစ်အင်အားများ ၄၀ ကျော်သည် နားလုံးအောက် စခန်းသို့ သြဂုတ်လ၅ရက်နေ့တွင်ထပ်မံတိုးချဲ့ထားကြောင်းသိရသည်။
ထို့အတူ မြစ်ကြီးနား- ဗန်းမော်လမ်း ဒေါ့ဖုန်းယန် (Dawhpumyang) ဘက်တွင်လည်း မြန်မာအစိုးရစစ်တပ်များ စစ်အင် အား ၁၀၀၀ ကျော်ရှိနေပြီး ယခုချိန် ထိုးစစ်ဆင်လှုပ်ရှားနေသော နေရာများသည် ဒေါ့ဖုန်းယန်၊ လွယ်မောက်၊ နားလုံ၊ မန်မော၊ တိန့်ကျန်း၊ ဘွမ်ဆောန်၊ မုန်လိုင်ခ (မုန်းလွဲ) ချောင်းအောက်ပိုင်း ဒေသများတွင် နှစ်ဖက် လှုပ်ရှားနေ သောနေ ရာဖြ
ယခုချိန်တွင် ကချင်ပြည်နယ် KIA တပ်ချထားသည့် နေရာများသို့ မြန်မာအစိုးရစစ်တပ်များ လက်နက်၊ ရိက္ခာ၊ စစ်အင်အား နေ့စဉ်တိုးချဲ့လာပြီး ၄င်းတို့သည် ညအချိန်တွင် လျှို့ဝှက်လှုပ်ရှားနေသောကြေ
KNG
0 comments:
Post a Comment