Friday, August 10, 2012

ကုလဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သစ် ခန့်အပ်

Posted by drmyochit Friday, August 10, 2012, under | No comments


မြန်မာ

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးသန့်ကျော်က သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သြဂုတ်လ ၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပေးအပ်ခဲ့တယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပါတယ်။

 မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သူ ဦးသန်းဆွေကို အမေရိကန် နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဖြစ် ပြောင်းလဲခန့်အပ် လိုက်ပြီးတဲ့နောက် အခု ကိုယ်စားလှယ် အသစ် ပြန်ပြီးခန့် ထားတာပါ။ သူဟာ ၂၀၁၀ ပြည့်နှစ်ကနေ စပြီးအခု ချိန်ထိ ဘယ်လ်ဂျီယံ နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ် ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး နယ်သာလန်၊ ဥရောပသ မဂ္ဂနဲ့ဥရော ပကော် မရှင်တို့ဆိုင်ရာ သံအမတ် အဖြစ်လည်း ပူးတွဲ တာဝန်ယူခဲ့ရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၊ အမေရိကန် ပြည်ထောင်စုဆိုင်ရာ ဌာနခွဲမှာ ညွှန်ကြားရေးမှူး၊ ဥရောပဆိုင်ရာ ဌာနခွဲမှာ ညွှန်ကြားရေးမှူး အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူး တယ်လို့ ကုလသ မဂ္ဂရဲ့ သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဦးသန့်ကျော်ဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှာ စတင် တာဝန် ထမ်းဆောင်ခဲ့ တာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံရုံးမှာ တတိယ အတွင်းဝန်အဖြစ် ၁၉၈၃ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့ဖူးပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်