Friday, August 10, 2012

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ် ထုတ်ချေးငွေမှ ရရန်ရှိ ကြွေးကျန် ငွေကျန် သန်းပေါင်း လေးထောင်ကျော် ရှိနေ

Posted by drmyochit Friday, August 10, 2012, under | No comments


 From : ခေတ်လူငယ်
 
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် တောင်သူများထံသို့ ထုတ်ချေးငွေမှ ရရန်ရှိ ကြွေးကျန်ပမာဏမှာ ငွေကျပ်သန်းပေါင်း လေးထောင်ကျော်အထိ ကျန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် လေးသောင်းနှုန်းဖြင့် လည်းကောင်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် လည်းကောင်း၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ်သန်းပေါင်း သုံးသိန်းကျော်ကို တောင်သူများထံသို့ ထုတ်ချေးခဲ့ပြီး ၂၀၁၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းအထိ တောင်သူများထံမှ ပြန်လည်ရရှိငွေမှာ ရခိုင်နှုန်းအားဖြင့် ၉၈ ဒသမ ၆၂ ရာခိုင်နှုန်း (ငွေကျပ်အားဖြင့် သန်းပေါင်း ၃၀၇၇၉၃ ဒသမ ၈၆) သာ ပြန်လည်ရရှိသေးကြောင်း၊ ကျန်ငွေမှာ ၄၃၁၈ ဒသမ ၈၂ သန်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်နှစ်တွေဆို မတ်လကုန်တာနဲ့ ချေးငွေအကုန် ပြန်သိမ်းလို့ ရနေပါပြီ။ ဒီနှစ်တော့ မတ်လ၊ ဧပြီလအထိ ချေးငွေသိမ်းလို့ မရသေးဘူး။ အခု ဇူလိုင်လကုန်အထိလည်း ချေးငွေတွေက ကျန်နေပါသေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ကျန်နေတာတော့ မဟုတ်ပါဘူး။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်က တောင်သူတွေဆီမှာ ကြွေးကျန်တွေ ရှိနေတာ ဖြစ်ပါတယ်” ဟု မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်